YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 14

14
ကြောက်​မက်​ဖွယ်​မိုး​ခေါင်​ခြင်း
1မိုး​ပြတ်​သော​အ​မှု​ကို​ရည်​မှတ်၍၊ ယေ​ရ​မိ​သို့​ရောက်​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ 2ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။ 3မှူး​မတ်​တို့​သည် မိ​မိ​သူ​ငယ်​တို့​ကို ရေ​ခပ်​စေ​လွှတ်၍၊ သူ​ငယ်​တို့​သည် ရေ​ကျင်း​သို့​ရောက်​သော​အ​ခါ၊ ရေ​ကို​မ​တွေ့။ အိုး​သက်​သက်​ကို​သာ​ဆောင်​ခဲ့​လျက် ပြန်​လာ​ကြ၏။ ဦး​ခေါင်း​ကို ခြုံ​လျက် ရှက်​ကြောက်​မှိုင်​တွေ​ကြ၏။ 4မိုး​ပြတ်၍​မြေ​အက်​ကွဲ​သော​ကြောင့်၊ လယ်​လုပ်​သော သူ​တို့​သည် ဦး​ခေါင်း​ကို​ခြုံ​လျက် ရှက်​ကြောက်​ကြ၏။ 5သ​မင်​မ​သည် လယ်​ပြင်၌​မွေး​သော​အ​ခါ မြက်​မ​ရှိ​သော​ကြောင့်၊ သား​ငယ်​ကို စွန့်​ပစ်၏။ 6မြည်း​ရိုင်း​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ရပ်​လျက် မြေ​ခွေး​ကဲ့​သို့ လေ​ကို​ရှူ​ကြ၏။ မြက်​မ​ရှိ​သော​ကြောင့်၊ သူ​တို့​မျက်​စိ​ပျက်​လေ၏။
7အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​သော်​လည်း၊ နာ​မ​တော်​ကို ထောက်၍ စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကြိမ်​ဖန်​များ​စွာ ဖောက်​ပြန်​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ 8အို ဣ​သ​ရေ​လ​အ​မျိုး၏​မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ အ​မှု​ရောက်​သော​ကာ​လ ကယ်​တင်​တော်​မူ​သော​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ပြည်၌ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ တစ်​ည​သာ အိပ်​ခြင်း​ငှာ​ဝင်​သော ခ​ရီး​သွား​ကဲ့​သို့​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ဖြစ်​တော်​မူ​သ​နည်း။ 9မိန်း​မော​တွေ​ဝေ​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​ငှာ​မ​တတ်​နိုင်​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ဖြစ်​တော်​မူ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည်​နာ​မ​တော်​ဖြင့် သ​မုတ်​သော​သူ​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
10ဤ​လူ​မျိုး​ကို​ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​တို့​သည် လှည့်​လည်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​ကြ။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ။ သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို​အောက်​မေ့၍၊ သူ​တို့​အ​ပြစ်​များ​ကြောင့် စစ်​ကြော​တော်​မူ​မည်။ 11ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ဖို့ မေ​တ္တာ​ပို့၍ ဆု​မ​တောင်း​နှင့်။ 12သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊ 13ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ပ​ရော​ဖက်​တို့​က၊ သင်​တို့​သည် ဓား​ဘေး​ကို မ​တွေ့​ရ​ကြ။ မွတ်​သိပ်​ခြင်း​ဘေး​သည် သင်​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ဤ​အ​ရပ်၌ မြဲ​သော​ငြိမ်​သက်​ခြင်း​ကို ငါ​ပေး​မည်​ဟု၊ ဤ​သူ​တို့​အား​ဟော​ပြော​ကြောင်း​ကို ငါ​လျှောက်​သော​အ​ခါ၊ 14ထာ​ဝ​ရ​ဘု​ရား​က၊ ထို​ပ​ရော​ဖက်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ မု​သား​ကို ဟော​တတ်​ကြ၏။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား၊ ဗျာ​ဒိတ်​မ​ပေး။ သူ​တို့​ဟော​ပြော​ချက်​တို့​သည် မျက်​စိ​ကို​လှည့်​ခြင်း၊ နတ်​ပူး​ခြင်း၊ အ​ချည်း​နှီး​ကြံ​စည်​ခြင်း၊ မိ​မိ​ဉာဏ်​အ​တိုင်း လှည့်​စား​ခြင်း သက်​သက်​ဖြစ်​ကြ၏။
15ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​မ​ရှိ​ရ​ဟု၊ ငါ​မ​စေ​လွှတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​ကြ​လိမ့်​မည်။ 16သူ​တို့၏ တ​ရား​နာ​ပ​ရိ​သတ်​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ မ​ယား သား​သ​မီး​တို့​နှင့်​တ​ကွ မွတ်​သိပ်​ခြင်း​ဘေး၊ ဓား​ဘေး​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​လမ်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ မ​သင်္ဂြိုဟ်​ရ။ သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ငါ​ညွှန်း​လောင်း​မည်။ 17သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။ 18ငါ​သည် မြို့​ပြင်​သို့​သွား​သော​အ​ခါ၊ သတ်​သော​အ​သေ​ကောင်​များ​ကို တွေ့​ရ၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ငတ်​မွတ်၍ နာ​ကျင်​စွာ​ခံ​ရ​သော​သူ​များ​ကို​လည်း တွေ့​ရ၏။ ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​သိ​ဘဲ အ​ရပ်​ရပ်​လှည့်​လည်​ကြ၏။
လူ​တို့၏လျှောက်​လဲ​ခြင်း
19ကိုယ်​တော်​သည် ယု​ဒ​ပြည်​ကို အ​ကုန်​အ​စင်​ပယ်​တော်​မူ​သ​လော။ ဇိ​အုန်​မြို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​လော။ ချမ်း​သာ​မ​ရ​အောင် အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ငြိမ်​သက်​ခြင်း​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​ကျိုး​ကို မ​ရ​ကြ​ပါ။ ချမ်း​သာ​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​နှင့်​သာ​တွေ့​ရ​ကြ​ပါ၏။ 20အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဒု​စ​ရိုက်​များ​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဝန်​ချ​ပါ၏။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ 21ကိုယ်​တော်၏​နာ​မ​ကြောင့်၊ အ​ကျွန်ုပ်​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ​ပါ​နှင့်။ ဘုန်း​တော်​ပ​လ္လင်၏ အ​သ​ရေ​ကို ရှုတ်​ချ​တော်​မ​မူ​ပါ​နှင့်။ အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တော်​ကို ဖျက်​တော်​မ​မူ​ပါ​နှင့်။ 22သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ