YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 13

13
ချည်​ခါး​ပန်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ချည်​ခါး​ပန်း​ကို​သွား၍​ယူ​ပြီး​လျှင် ခါး၌​စည်း​လော့။ ရေ​နှင့်​မ​လျှော်​ရ​ဟု ငါ့​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ 2ငါ​သည် ခါး​ပန်း​ကို​ယူ၍ ခါး၌​စည်း​လေ၏။ 3ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်​လျှင်၊ 4သင်​သည် ခါး၌​စည်း​သော ခါး​ပန်း​ကို​ယူ​ပြီး​လျှင်၊ ဥ​ဖ​ရတ်​မြစ်​သို့​ထ​သွား၍၊ ကျောက်​တွင်း၌ ဝှက်​ထား​လော့​ဟု၊ 5မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​သွား၍ ဥ​ဖ​ရတ်​မြစ်​နား​မှာ ဝှက်​ထား၏။ 6ထို​နောက်၊ ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ထ၍ ဥ​ဖ​ရတ်​မြစ်​သို့ သွား​လော့။ ထို​မြစ်​နား​မှာ ငါ့​အ​မိန့်​တော်​နှင့် ဝှက်​ထား​ခဲ့​ပြီး​သော ခါး​ပန်း​ကို​ထုတ်​လော့​ဟု မိန့်​တော်​မူ၏။ 7ငါ​သည်​လည်း ဥ​ဖ​ရတ်​မြစ်​နား​သို့ သွား​ပြီး​လျှင်၊ ဝှက်​ထား​ရာ​အ​ရပ်၌ တူး၍ ခါး​ပန်း​ကို ထုတ်​သော​အ​ခါ၊ ခါး​ပန်း​သည် ဆွေး​မြေ့၍ အ​သုံး​မ​ရ​ဖြစ်၏။
8ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊ 9ထို​နည်း​တူ၊ ယု​ဒ​ပြည်၏​ထောင်​လွှား​ခြင်း​ကို ငါ​ရှုတ်​ချ​မည်။ ယေ​ရု​ရှ​လင်​မြို့၏​ထောင်​လွှား​ခြင်း​ကို အ​လွန်​ရှုတ်​ချ​မည်။ 10ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​စိတ်​နှ​လုံး ခိုင်​မာ​သော​သ​ဘော​အ​တိုင်း​ကျင့်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ငှာ လိုက်​သွား​သော ဤ​လူ​ဆိုး​မျိုး​သည်၊ အ​သုံး​မ​ရ​သော ဤ​ခါး​ပန်း​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ 11ခါး​ပန်း​သည် လူ၏​ခါး၌​မှီ​ဝဲ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ပေါင်း​တို့​သည် ငါ၏​လူ​မျိုး၊ ဘွဲ့​နာ​မ၊ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၌​မှီ​ဝဲ​စေ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
စ​ပျစ်​ရည်​အိုး
12တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် သူ​တို့​အား​ပြော​လော့။ သူ​တို့​က​လည်း၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​မ​သိ​သ​လော​ဟု ပြန်​ပြော​ကြ​လျှင်၊ 13သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ယစ်​မူး​ခြင်း​နှင့် ငါ​ပြည့်​စေ​မည်။ 14ညီ​အစ်​ကို​ချင်း၊ သား​အ​ဘ​ချင်း​တို့​ကို ငါ​ထိ​ခိုက်​စေ​မည်။ ငါ​သည် က​ရု​ဏာ​မ​ရှိ၊ မ​နှ​မြော၊ မ​ကယ်​မ​ဘဲ၊ ထို​သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ပြည်​နှင်​ဒဏ်​ဆိုင်​ရာ​သ​တိ​ပေး​ခြင်း
15သင်​တို့​သည် နား​ထောင်​နာ​ယူ​ကြ​လော့။ ထောင်​လွှား​သော​စိတ်​မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။ 16မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ 17သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။ 18ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။ 19တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။ 20မြောက်​မျက်​နှာ​က​လာ​သော သူ​တို့​ကို​မျှော်၍​ကြည့်​လော့။ သင့်​အား ငါ​ပေး​သော​သိုး​စု၊ လှ​သော​သိုး​စု​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 21သင်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​သို့ ပြော​လိမ့်​မည်​နည်း။ သူ​တို့​သည် သင့်​ကို အ​စိုး​တ​ရ​ပြု​စေ​ခြင်း​ငှာ၊ သင်​သည် ကိုယ်​တိုင်​အ​ကြံ​ပေး​ပြီ။ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သော ဝေ​ဒ​နာ​ကို သင်​ခံ​ရ​လိမ့်​မည် မ​ဟုတ်​လော။ 22သင်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​ကြောင့် ဤ​အ​မှု​ရောက်​သ​နည်း​ဟု စိတ်​ထဲ၌ အောက်​မေ့​လျှင်၊ သင်၏​အ​ပြစ်​များ​သော​ကြောင့်၊ သင့်​အ​ဝတ်​ကို ချွတ်​ရ၏။ ခြေ​နင်း​ကို​လည်း​မ​စီး​ရ။ 23အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။ 24ထို​ကြောင့်၊ ဖွဲ​ကို လေ​ပြင်း​တိုက်​လွှင့်​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ငါ​လွင့်​စေ​မည်။ 25သင်​သည် ငါ့​ကို​မေ့​လျော့၍၊ မု​သား၌​မှီ​ဝဲ​ဆည်း​ကပ်​သော​ကြောင့်၊ သင့်​အ​ဖို့ ငါ​တိုင်း​ထွာ၍ ပေး​လ​တ္တံ့​သော အ​ငန်း​အ​တာ​ကား ဤ​သို့​တည်း။ 26ထို​သို့​နှင့်​အ​ညီ သင်​ရှက်​စ​ရာ​အ​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ သင်၏​အ​ဝတ်​ကို ငါ​ဖွင့်​လှစ်၍ ပြ​မည်။ 27သင်၏ မျောက်​မ​ထား​ခြင်း၊ ဟီ​မြည်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၏ ညစ်​ညူး​ခြင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ လယ်​ပြင်၌​လည်း​ကောင်း​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​တို့​ကို ငါ​သိ​မြင်၏။ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ မ​ရောက်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ