YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 51

51
ဇိ​အုန်​တောင်​အ​တွက်​နှစ်​သိမ့်​စ​ကား
1ဖြောင့်​မတ်​ခြင်း​တ​ရား​သို့ လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို ခုတ်​ယူ​ရာ​ကျောက်​နှင့်၊ တူး​ယူ​ရာ​တွင်း​ဝ​ကို ကြည့်​ရှု​ကြ​လော့။ 2သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။ 3ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ၏​ဆိတ်​ညံ​ရာ အ​ရပ်​အ​လုံး​စုံ​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ၏​တော​ကို ဧ​ဒင်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လွင်​ပြင်​ကို ထာ​ဝ​ရ​ဘု​ရား၏ ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ ဇိ​အုန်​မြို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့် ပြည့်​စုံ​လိမ့်​မည်။
4ငါ၏​လူ​မျိုး၊ ငါ့​လူ​စု​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။ ငါ့​ထံ​မှ​တ​ရား​ထွက်၍ ငါ​စီ​ရင်​ချက်​သည် လူ​များ​လင်း​စ​ရာ​ဖို့ တည်​ရ​လိမ့်​မည်။ 5ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​နီး​မှာ​ရှိ၏။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည် ထွက်​သွား​ပြီ။ ငါ့​လက်​ရုံး​သည် လူ​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​မျှော်​လင့်၍၊ ငါ့​လက်​ရုံး​ကို ကိုး​စား​ကြ​လိမ့်​မည်။ 6မိုး​ကောင်း​ကင်​ကို မျှော်၍ ကြည့်​ကြ​လော့။ မြေ​ကြီး​ကို​လည်း ငုံ့၍ ကြည့်​ကြ​လော့။ မိုး​ကောင်း​ကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်၍၊ မြေ​ကြီး​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ မြေ​ကြီး​သား​တို့​သည် ခြင်​ကောင်​ကဲ့​သို့ သေ​ကြ​လိမ့်​မည်။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​မူ​ကား အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​လည်း ပ​ပျောက်​ခြင်း မ​ရှိ​နိုင်​ရာ။
7ဖြောင့်​မတ်​ခြင်း​တ​ရား​ကို သိ၍၊ ငါ၏​တ​ရား​ကို နှ​လုံး​သွင်း​မိ​သော သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ လူ​တို့​သည် အ​ပြစ်​တင်​မည်​ဟု မ​စိုး​ရိမ်​ကြ​နှင့်။ လူ​တို့​ကဲ့​ရဲ့​ခြင်း​ကို မ​ကြောက်​ကြ​နှင့်။ 8အ​ကြောင်း​မူ​ကား၊ ပိုး​ရွ​တို့​သည် သိုး​မွေး​အ​ဝတ်​ကို ကိုက်​စား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ကိုက်​စား​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​မူ​ကား နိ​စ္စ​ထာ​ဝ​ရ​ဖြစ်၍၊ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​လိမ့်​သ​တည်း။
9အို ထာ​ဝ​ရ​ဘု​ရား၏​လက်​ရုံး​တော်၊ နိုး​တော်​မူ​ပါ။ နိုး၍ ခွန်​အား​ကို ယူ​တော်​မူ​ပါ။ ရှေး​ကာ​လ​နှင့် လွန်​ဖူး​သော​ကာ​လ၌​ကဲ့​သို့ နိုး​တော်​မူ​ပါ။ ရာ​ခပ်​ကို​ဒဏ်​ခတ်၍ န​ဂါး​ကို နာ​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။ 10ပင်​လယ်​ရေ၊ နက်​နဲ​ရာ​ရေ​တို့​ကို ခန်း​ခြောက်​စေ၍၊ ပင်​လယ်​နက်​နဲ​ရာ အ​ရပ်​တို့​ကို ရွေး​နုတ်​သော​သူ​များ သွား​စ​ရာ​လမ်း ဖြစ်​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။ 11သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​သော​သူ​တို့​သည် ပြန်​လာ၍ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့ ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။ 12သင်​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကား၊ အ​ခြား​သူ​မ​ဟုတ်၊ ငါ့​ကိုယ်​တိုင်​ပေ​တည်း။ သေ​ရ​သော​လူ​ကို​လည်း​ကောင်း၊ မြက်​ပင်​ကဲ့​သို့ ဖြစ်​လ​တ္တံ့​သော လူ​သား​ကို​လည်း​ကောင်း၊ သင်​သည် ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။ 13မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​ကို​လည်း တည်​တော်​မူ​ထ​သော၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် မေ့​လျော့၍၊ ညှဉ်း​ဆဲ​သော​သူ​သည် ငါ့​ကို​ဖျက်​ဆီး​လု​ပြီ​ဟု စိတ်​ထင်​နှင့်၊ သူ၏​ဒေါ​သ​အ​မျက်​ကို အ​စဉ်​ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။ ယ​ခု​မှာ ညှဉ်း​ဆဲ​သော​သူ၏ ဒေါ​သ​အ​မျက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 14အ​ချုပ်​ခံ​ရ​သော​သူ​သည် ထောင်​ထဲ​မှာ​မ​သေ၊ ရေ​စာ​မ​ပြတ်၊ လျင်​မြန်​စွာ​ကယ်​နုတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။ 15ငါ​သည်​သ​မု​ဒ္ဒ​ရာ​ကို​ဆုံး​မ၍ လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ထို​ဘု​ရား၏ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ 16မိုး​ကောင်း​ကင်​ကို ဆောက်၍၊ မြေ​ကြီး​ကို တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​သည် ငါ၏​လူ​မျိုး​ဖြစ်၏​ဟု ဇိ​အုန်​မြို့​ကို ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​သင်၏​နှုတ်​ထဲ​မှာ ငါ​ထား​ပြီ။ ငါ့​လက်၏​အ​ရိပ်​နှင့် သင့်​ကို​ငါ​မိုး​ပြီ။
17ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ အ​မျက်​တော်​ဖ​လား​ကို သောက်​သော ယေ​ရု​ရှ​လင်​မြို့၊ နိုး​လော့။ နိုး၍​ထ​လော့။ သင်​သည် တုန်​လှုပ်​စေ​သော​ဖ​လား​ကို အ​ကုန်​သောက်​ခဲ့​ပြီ။ အ​နည်​အ​ဖတ်​ကို​လည်း ညှစ်​ခဲ့​ပြီ။#ဗျာ၊ ၁၄:၁၀၊ ၁၆:၁၉။ 18ကိုယ်​တိုင်​ဖွား​မြင်​သော သား​တို့​တွင်၊ သင့်​ကို လမ်း​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တိုင်​မွေး​စား​သော သား​တို့​တွင်၊ သင့်​ကို လက်​ဆွဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ 19အ​စာ​ခေါင်း​ပါး၍ လူ​ဆိတ်​ညံ​ခြင်း​ဘေး၊ ဓား​ဖြင့်​ဖျက်​ဆီး​ခြင်း​ဘေး​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၏​အ​ပေါ်​မှာ ရောက်​လာ​သည်​ဖြစ်၍၊ သင့်​အ​တွက် အ​ဘယ်​သူ​ငို​ကြွေး​မြည်​တမ်း​သ​နည်း။ ငါ​သည် အ​ဘယ်​သို့ ချမ်း​သာ​ပေး​နိုင်​သ​နည်း။ 20သင်၏​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ကြ၏။ ကျော့​ကွင်း၌​ဖမ်း​မိ​သော​စိုင်​ကဲ့​သို့ ခပ်​သိမ်း​သော လမ်း​ဝ​မှာ​အိပ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​ထွက်​တော်​မူ​ခြင်း၊ သင်၏​ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ​ခြင်း​နှင့် ဝ​ကြ၏။
21သို့​ဖြစ်၍၊ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ၊ စ​ပျစ်​ရည်​မှ​တစ်​ပါး အ​ခြား​သော​ယစ်​မျိုး​နှင့် ယစ်​မူး​သော​သူ၊ နား​ထောင်​လော့။ 22သင်၏​အ​ရှင်၊ မိ​မိ​လူ​တို့၏​အ​မှု​ကို စောင့်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ တုန်​လှုပ်​စေ​သော​ဖ​လား၊ ငါ့​အ​မျက်​တော်​ဖ​လား၏ အ​နည်​အ​ဖတ်​ကို သင်၏​လက်​မှ​ငါ​ရုပ်၍၊ သင်​သည် နောက်​တစ်​ဖန် မ​သောက်​ရ။ 23သင်​သည် ခ​ရီး​သွား​သော​သူ​တို့​ရှေ့​မှာ ကိုယ်​ကို မြေ​တန်​တား​လုပ်၍၊ အ​လျား​ဝပ်​စေ​ခြင်း​ငှာ ဝပ်​လျက်​နေ​တော့။ ငါ​ကျော်​သွား​မည်​ဟု ဆို၍၊ သင့်​ကို​ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ ထို​ဖ​လား​ကို​ငါ​ထား​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 51: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ