YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 28:1-19

ဟေရှာယ 28:1-19 JBMLE

စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၌ ခွန်​အား​တန်​ခိုး​ကြီး​သော​သူ​သည်၊ မိုး​သီး​ပါ​လျက် ဖျက်​ဆီး​သော မိုး​သက်​မုန်​တိုင်း ကဲ့​သို့​လည်း​ကောင်း၊ ပြင်း​စွာ​ထ၍ လွှမ်း​မိုး​သော ရေ​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​တိုင်​အောင် ပြင်း​စွာ​ချ​ပစ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​သည်၊ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည်၊ နွေ​ကာ​လ​မ​စေ့​မီ အ​လျင်​သီး​သော အ​သီး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ထို​အ​သီး​ကို မြင်​သော​သူ​သည် မြင်​လျက်၊ လက်​နှင့် ကိုင်​လျက်​ပင် စား​တတ်၏။ ထို​ကာ​လ၌​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျန်​ကြွင်း​သော မိ​မိ​လူ​တို့၌ ဘုန်း​ရှိ​သော​သ​ရ​ဖူ၊ အ​သ​ရေ​တင့်​တယ်​သော ဦး​ရစ် ဖြစ်​တော်​မူ​လိမ့်​မည်။ တ​ရား​မှု​ကို စီ​ရင်​သော​သူ​တို့​အား တ​ရား​စီ​ရင်​သော ဉာဏ်​ကို​လည်း​ကောင်း၊ ရန်​သူ​မျိုး တံ​ခါး​တိုင်​အောင် စစ်​မှု​ကို​လှန်​သော​သူ​တို့​အား၊ ခွန်​အား​ဗ​လ​ကို​လည်း​ကောင်း ပေး​တော်​မူ​လိမ့်​မည်။ သို့​သော်​လည်း၊ ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​သည် သေ​ရည်​သေ​ရက်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ စ​ပျစ်​ရည်​နှင့် မွှန်​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ဗျာ​ဒိတ်​ခံ​သည်​အ​ရာ၌ မှား​ယွင်း​လျက်၊ တ​ရား​စီ​ရင်​သည်​အ​ရာ၌ ထိ​မိ၍ လဲ​လျက်​နေ​ကြ၏။ သူ​တို့​စား​ပွဲ ရှိ​သ​မျှ​တို့​သည်၊ လွတ်​လပ်​ရာ မ​ရှိ​သည်​တိုင်​အောင်၊ အန်​ဖတ်​နှင့်​လည်း​ကောင်း၊ အ​ညစ်​အ​ကြေး​နှင့်​လည်း​ကောင်း ပြည့်​လျက်​ရှိ​ကြ၏။ သူ​တို့​က၊ အ​ဘယ်​သူ​ကို ပ​ညာ​သွန်​သင်​ချင်​သ​နည်း။ အ​ဘယ်​သူ​ကို တ​ရား​နား​လည်​စေ​ချင်​သ​နည်း။ ငါ​တို့​သည် နို့​နှင့် ကွာ​စ​ရှိ​သော​သူ၊ အ​မိ​သား​မြတ်​နှင့် အ​နိုင်​ကွာ​ရ​သော​သူ ဖြစ်​ကြ​သ​လော။ ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ်​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။ အ​ကယ်​စင်​စစ်၊ စ​ကား​မ​ပြီ​သော​နှုတ်၊ ရိုင်း​သော​လျှာ​နှင့် ဤ​လူ​မျိုး​ကို မိန့်​တော်​မူ​လိမ့်​မည်။ ဤ​သို့​ပြု​လျှင် ငြိမ်​ဝပ်​လိမ့်​မည်။ ပင်​ပန်း​သော​သူ​တို့​သည် ငြိမ်​ဝပ်​ကြ​စေ။ ဤ​သို့​ပြု​လျှင် သက်​သာ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ထို​ကြောင့်၊ သူ​တို့​သည် သွား​ရာ​တွင်၊ လှန်​ဆုတ်၍ ကျိုး​ပဲ့​ကျော့​မိ ဖမ်း​ဆီး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် သူ​တို့၌ ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ် ဖြစ်​ရ​လိမ့်​မည်။ သို့​ဖြစ်၍၊ ဆဲ​ရေး​တတ်​သော ယေ​ရု​ရှ​လင်​မြို့​သား အ​ကြီး​အ​ကြပ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။ တ​ရား​မှု​ကို ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို မျဉ်း​ကြိုး​နှင့် မှန်​ထုပ်​အား​ဖြင့် ငါ​ပြု​မည်။ မိုး​သီး​ရွာ၍ ကိုး​စား​ရာ​မု​သား​ကို ပယ်​ရှား​လိမ့်​မည်။ ပုန်း​ကွယ်​ရာ​အ​ရပ်​ကို​လည်း ရေ​လွှမ်း​မိုး​လိမ့်​မည်။ သင်​တို့​သည် သေ​မင်း​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ပျက်​လိမ့်​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ခြင်း​သည် အ​ထ​မ​မြောက်​ရ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ သင်​တို့​ကို​လည်း ကျော်​နင်း​လိမ့်​မည်။ ချင်း​နင်း​စဉ်​တွင် ပါ​သွား​လိမ့်​မည်။ နံ​နက်​အ​ချိန်​ရောက်​မြဲ အ​စဉ်​အ​တိုင်း၊ နေ့​ည​မ​ပြတ် ချင်း​နင်း​သည်​ဖြစ်၍၊ သ​တင်း​ကြား​ကာ​မျှ​အား​ဖြင့် ထိတ်​လန့်​ခြင်း​အ​ကြောင်း ရှိ​လိမ့်​မည်။