YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 28

28
ဧ​ဖ​ရိမ်​အ​မျိုး​ကို​စီ​ရင်​ခြင်း
1စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။ 2ထာ​ဝ​ရ​ဘု​ရား၌ ခွန်​အား​တန်​ခိုး​ကြီး​သော​သူ​သည်၊ မိုး​သီး​ပါ​လျက် ဖျက်​ဆီး​သော မိုး​သက်​မုန်​တိုင်း ကဲ့​သို့​လည်း​ကောင်း၊ ပြင်း​စွာ​ထ၍ လွှမ်း​မိုး​သော ရေ​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​တိုင်​အောင် ပြင်း​စွာ​ချ​ပစ်​လိမ့်​မည်။ 3ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​သည်၊ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 4ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည်၊ နွေ​ကာ​လ​မ​စေ့​မီ အ​လျင်​သီး​သော အ​သီး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ထို​အ​သီး​ကို မြင်​သော​သူ​သည် မြင်​လျက်၊ လက်​နှင့် ကိုင်​လျက်​ပင် စား​တတ်၏။
5ထို​ကာ​လ၌​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျန်​ကြွင်း​သော မိ​မိ​လူ​တို့၌ ဘုန်း​ရှိ​သော​သ​ရ​ဖူ၊ အ​သ​ရေ​တင့်​တယ်​သော ဦး​ရစ် ဖြစ်​တော်​မူ​လိမ့်​မည်။ 6တ​ရား​မှု​ကို စီ​ရင်​သော​သူ​တို့​အား တ​ရား​စီ​ရင်​သော ဉာဏ်​ကို​လည်း​ကောင်း၊ ရန်​သူ​မျိုး တံ​ခါး​တိုင်​အောင် စစ်​မှု​ကို​လှန်​သော​သူ​တို့​အား၊ ခွန်​အား​ဗ​လ​ကို​လည်း​ကောင်း ပေး​တော်​မူ​လိမ့်​မည်။
7သို့​သော်​လည်း၊ ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​သည် သေ​ရည်​သေ​ရက်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ စ​ပျစ်​ရည်​နှင့် မွှန်​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ဗျာ​ဒိတ်​ခံ​သည်​အ​ရာ၌ မှား​ယွင်း​လျက်၊ တ​ရား​စီ​ရင်​သည်​အ​ရာ၌ ထိ​မိ၍ လဲ​လျက်​နေ​ကြ၏။ 8သူ​တို့​စား​ပွဲ ရှိ​သ​မျှ​တို့​သည်၊ လွတ်​လပ်​ရာ မ​ရှိ​သည်​တိုင်​အောင်၊ အန်​ဖတ်​နှင့်​လည်း​ကောင်း၊ အ​ညစ်​အ​ကြေး​နှင့်​လည်း​ကောင်း ပြည့်​လျက်​ရှိ​ကြ၏။ 9သူ​တို့​က၊ အ​ဘယ်​သူ​ကို ပ​ညာ​သွန်​သင်​ချင်​သ​နည်း။ အ​ဘယ်​သူ​ကို တ​ရား​နား​လည်​စေ​ချင်​သ​နည်း။ ငါ​တို့​သည် နို့​နှင့် ကွာ​စ​ရှိ​သော​သူ၊ အ​မိ​သား​မြတ်​နှင့် အ​နိုင်​ကွာ​ရ​သော​သူ ဖြစ်​ကြ​သ​လော။ 10ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ်​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။ 11အ​ကယ်​စင်​စစ်၊ စ​ကား​မ​ပြီ​သော​နှုတ်၊ ရိုင်း​သော​လျှာ​နှင့် ဤ​လူ​မျိုး​ကို မိန့်​တော်​မူ​လိမ့်​မည်။ 12ဤ​သို့​ပြု​လျှင် ငြိမ်​ဝပ်​လိမ့်​မည်။ ပင်​ပန်း​သော​သူ​တို့​သည် ငြိမ်​ဝပ်​ကြ​စေ။ ဤ​သို့​ပြု​လျှင် သက်​သာ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။#၁​ကော၊ ၁၄:၂၁။ 13ထို​ကြောင့်၊ သူ​တို့​သည် သွား​ရာ​တွင်၊ လှန်​ဆုတ်၍ ကျိုး​ပဲ့​ကျော့​မိ ဖမ်း​ဆီး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် သူ​တို့၌ ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ် ဖြစ်​ရ​လိမ့်​မည်။
ယေရုရှလင်မြို့ကိုသတိပေးခြင်း
14သို့​ဖြစ်၍၊ ဆဲ​ရေး​တတ်​သော ယေ​ရု​ရှ​လင်​မြို့​သား အ​ကြီး​အ​ကြပ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ 15သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊ 16အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။#ဆာ၊ ၁၁၈:၂၂-၂၃။ ရော၊ ၉:၃၃၊ ၁၀:၁၁။ ၁ ပေ၊ ၂:၆။ 17တ​ရား​မှု​ကို ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို မျဉ်း​ကြိုး​နှင့် မှန်​ထုပ်​အား​ဖြင့် ငါ​ပြု​မည်။ မိုး​သီး​ရွာ၍ ကိုး​စား​ရာ​မု​သား​ကို ပယ်​ရှား​လိမ့်​မည်။ ပုန်း​ကွယ်​ရာ​အ​ရပ်​ကို​လည်း ရေ​လွှမ်း​မိုး​လိမ့်​မည်။ 18သင်​တို့​သည် သေ​မင်း​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ပျက်​လိမ့်​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ခြင်း​သည် အ​ထ​မ​မြောက်​ရ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ သင်​တို့​ကို​လည်း ကျော်​နင်း​လိမ့်​မည်။ 19ချင်း​နင်း​စဉ်​တွင် ပါ​သွား​လိမ့်​မည်။ နံ​နက်​အ​ချိန်​ရောက်​မြဲ အ​စဉ်​အ​တိုင်း၊ နေ့​ည​မ​ပြတ် ချင်း​နင်း​သည်​ဖြစ်၍၊ သ​တင်း​ကြား​ကာ​မျှ​အား​ဖြင့် ထိတ်​လန့်​ခြင်း​အ​ကြောင်း ရှိ​လိမ့်​မည်။ 20ခု​တင်​သည် ကိုယ်​မ​ဆန့်​လောက်​အောင်​တို၏။ စောင်​သည်​လည်း မ​ခြုံ​လောက်​အောင် ငယ်၏။ 21ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။#ယော​ရှု၊ ၁၀:၁၀-၁၂။ ၂​ရာ၊ ၅:၂၀။ ၅​ရာ၊ ၁၄:၁၁။ 22ယ​ခု​မှာ သင်​တို့​သည် သာ၍​ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန် ဆဲ​ရေး​ခြင်း​ကို မ​ပြု​ကြ​နှင့်။ ပြည်​တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​ရှိ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ငါ​ကြား​ရ​ပြီ။
ဘု​ရား​သ​ခင်​၏​ဉာဏ်​တော်
23ငါ​ပြော​သံ​ကို​ကြား၍ မှတ်​ကြ​လော့။ ငါ့​စ​ကား​ကို စေ့​စေ့ နား​ထောင်​နာ​ယူ​ကြ​လော့။ 24လယ်​လုပ်​သော​သူ​သည် မျိုး​စေ့​ကို ကြဲ​ခြင်း​ငှာ၊ မြေ​ကို​ဆွ​လျက်၊ မြေ​စိုင်​ကို​ချေ​လျက် အ​စဉ် လယ်​ထွန်​တတ်​သ​လော။ 25လယ်​မျက်​နှာ​ကို ညှိ​ပြီး​မှ စ​မုန်​နက်​မျိုး​စေ့၊ ဇီ​ယာ​မျိုး​စေ့​ကို ကြဲ​သည်​မ​ဟုတ်​လော။ ဂျုံ​စ​ပါး​မျိုး​စေ့​ကို အ​တန်း​တန်း​စိုက်၍၊ မု​ယော​စ​ပါး​နှင့် ကောက်​စ​ပါး​မျိုး​စေ့ အ​သီး​အ​သီး​တို့​ကို သူ​တို့​အ​ရပ်၌ ကြဲ​သည်​မ​ဟုတ်​လော။ 26အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။ 27စ​မုန်​နက် မျိုး​စေ့​ကို​လည်း ပျဉ်​ပြား​နှင့် မ​နယ်​တတ်။ ဇီ​ယာ​စေ့​ပေါ်၌​လည်း လှည်း​ဘီး​ကို မ​လှိမ့်​တတ်။ စ​မုန်​နက်​စေ့​ကို တုတ်​နှင့်​လည်း​ကောင်း၊ ဇီ​ယာ​စေ့​ကို ကြိမ်​လုံး​နှင့်​လည်း​ကောင်း ရိုက်​တတ်၏။ 28ဂျုံ​စ​ပါး​ကို​ကား နယ်​တတ်၏။ သို့​သော်​လည်း၊ အ​စဉ်​နယ်​တတ်​သည် မ​ဟုတ်။ လှည်း​ဘီး​နှင့် မြင်း​တို့​ကို နှင်​သော်​လည်း၊ စ​ပါး​ကို ညက်​စေ​တတ်​သည် မ​ဟုတ်။ 29ထို​အ​မှု​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​ကြံ​ပေး​တော်​မူ​သော​အ​မှု​တည်း။ အ​ကြံ​ပေး​တော်​မူ​ခြင်း​သည် အံ့​ဩ​ဖွယ်​ဖြစ်၏။ ဉာဏ်​တော်​သည်​လည်း ထူး​ဆန်း​ပေ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ