YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 6

6
နောင်​တ​ရ​ရန်​ခေါ်​ခြင်း
1လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။ 2နှစ်​ရက်​လွန်​ပြီး​မှ ငါ​တို့​ကို အ​သက်​ရှင်​စေ၍၊ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​ထံ​တော်၌ ငါ​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။#လု၊ ၂၄:၄၆၊ ၁ ကော၊ ၁၅:၄။ 3ပ​ညာ​ကို​လည်း ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ခြင်း​ငှာ လိုက်​ရှာ​ကြ​လိမ့်​မည်။ ထွက်​တော်​မူ​ချိန်​သည် နံ​နက်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ရွာ​သော​မိုး​နှင့် မြေ​အ​ပေါ်​သို့​ရွာ​သော နောက်​မိုး​ကဲ့​သို့ သက်​ရောက်​တော်​မူ​လိမ့်​မည်။
4အို ဧ​ဖ​ရိမ်၊ သင်၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ အို ယု​ဒ၊ သင်၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ သင်​တို့ ကြည်​ညို​သော​စိတ်​သည် နံ​နက်​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ စော​စော​ပျောက်​တတ်​သော နှင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ 5ထို​ကြောင့် သူ​တို့​ကို ပ​ရော​ဖက်​များ​အား​ဖြင့် ငါ​သည် အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ရ​ပြီ။ ငါ့​နှုတ်​ထွက်​စ​ကား​အား​ဖြင့် သတ်​ရ​ပြီ။ ငါ့​စီ​ရင်​ချက်​တို့​သည်​လည်း ထွန်း​လင်း​သော အ​လင်း​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ 6ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ထက် ဘု​ရား​သ​ခင်​နှင့် ကျွမ်း​ဝင်​ခြင်း​ကို​လည်း​ကောင်း ငါ​နှစ်​သက်၏။#မ၊ ၉:၁၃၊ ၁၂:၇။ 7သူ​တို့​သည် အာ​ဒံ​ကဲ့​သို့ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး​ကြ​ပြီ။ နေ​ရင်း​အ​ရပ်၌ ငါ့​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။ 8ဂိ​လဒ်​မြို့​သည် အ​ဓ​မ္မ​ပြု​သော သူ​တို့​နေ​ရာ ဖြစ်၍၊ လူ​အ​သွေး​နှင့် စွန်း​သော ခြေ​ရာ​များ၏။ 9ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။ 10အ​ကယ်​စင်​စစ် အ​ဓ​မ္မ​အ​မှု​ကို ပြု​တတ်​ကြ၏။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ငါ​မြင်​ပြီ။ ထို​အ​မျိုး၌ ဧ​ဖ​ရိမ်​သည် မှား​ယွင်း​တတ်၏။ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။ 11ထို​မှ​တစ်​ပါး၊ အို ယု​ဒ​အ​မျိုး၊ သိမ်း​သွား​သော ငါ၏​လူ​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ​သည် သင့်​အ​ဖို့ ခန့်​ထား​လျက်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။