YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 5

5
ဣ​သ​ရေ​လ​တို့ကို​တ​ရား​စီ​ရင်​ခြင်း
1အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ အို နန်း​တော်​သား​တို့၊ မှတ်​မိ​ကြ​လော့။ သင်​တို့​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​ဇ​ပါ​တောင်​ပေါ်​မှာ ကျော့​ကွင်း၊ တာ​ဗော်​တောင်​ပေါ်​မှာ ထောင်​သော​ပိုက်​ဖြစ်​ကြ​ပြီ။ 2ယဇ်​ကောင်​တို့​ကို သတ်​သော​အား​ဖြင့် မိ​မိ​တို့​အ​ပြစ်​ကို များ​ပြား​စေ​ကြ၏။ ထို​ကြောင့်၊ ငါ​သည် ထို​သူ​အ​ပေါင်း​တို့၌ အ​ပြစ်​ဒဏ်​ပေး​မည်။ 3ဧ​ဖ​ရိမ်​ကို​ငါ​သိ၏။ ဣ​သ​ရေ​လ​သည်​လည်း ငါ့​ရှေ့​မှ ပုန်း​ရှောင်၍​မ​နေ​နိုင်။ ယ​ခု​ပင် အို ဧ​ဖ​ရိမ်၊ သင်​သည်​မှား​ယွင်း၍ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။
ရုပ်​တု​ကိုး​ကွယ်​မှု​ကို​သ​တိ​ပေး​ခြင်း
4သူ​တို့​သည် ပြု​မြဲ​ပြု​သော​ကြောင့်၊ သူ​တို့၏​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြန်၍​မ​လာ​နိုင်​ကြ။ မှား​ယွင်း​သော​သ​ဘော စွဲ​လမ်း​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​ကြ။ 5ဣ​သ​ရေ​လ​အ​မျိုး၏​မာ​န​သည် သူ့​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​နှင့် ဧ​ဖ​ရိမ်​သည် မိ​မိ​တို့​အ​ပြစ်၌​လဲ၍၊ သူ​တို့​နှင့်​အ​တူ ယု​ဒ​အ​မျိုး​သည်​လည်း လဲ​လိမ့်​မည်။ 6သိုး​စု​နွား​စု​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ သွား​ကြ​သော်​လည်း မ​တွေ့​ရ​ကြ။ သူ​တို့​နှင့် ကွာ​တော်​မူ​ပြီ။ 7သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခံ​သော​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖွား​မြင်​ကြ​ပြီ။ လ​ဆန်း​နေ့​ရောက်​မှ သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​သည် ပျက်​စီး​လိမ့်​မည်။
ယု​ဒ​နှင့်ဣ​သ​ရေ​လ​တို့စစ်​ခင်း​ခြင်း
8ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။ 9ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ဆုံး​မ​သ​တိ​ပေး​သော​နေ့၌ ဧ​ဖ​ရိမ်​သည် ပျက်​စီး​ရ​လိမ့်​မည်။ ဆက်​ဆက် ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ငါ​ဖော်​ပြ၏။ 10ယု​ဒ​မင်း​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​သည် သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​မည်။ 11ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။ 12ထို​ကြောင့်၊ ငါ​သည် ဧ​ဖ​ရိမ်၌ ကိုက်​တတ်​သော ပိုး​ကောင်၊ ယု​ဒ​အ​မျိုး၌ စား​တတ်​သော​အ​နာ​ကဲ့​သို့ ဖြစ်​မည်။ 13ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။ 14အ​ကြောင်း​မူ​ကား၊ ငါ​သည် ဧ​ဖ​ရိမ်၌ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး၌ ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်။ ငါ​သည် ကိုယ်​တိုင်​ကိုက်​ဖြတ်၍ သွား​မည်။ ချီ​သွား၍ အ​ဘယ်​သူ​မျှ မ​နုတ်​ရ။ 15သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို ဝန်​မ​ချ။ ငါ့​မျက်​နှာ​ကို မ​ရှာ​မီ​တိုင်​အောင် ငါ​သည် ကိုယ်​နေ​ရာ​သို့ ပြန်​သွား၍ နေ​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် ငါ့​ကို​ကြိုး​စား၍ ရှာ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။