YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 6:13-20

ဟေဗြဲ 6:13-20 JBMLE

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊- ငါ​သည်​သင့်​အား အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်​ဟု ကျိန်​ဆို​တော်​မူ၏။- ထို​သို့​နှင့်​အ​ညီ အာ​ဗြ​ဟံ​သည် သည်း​ခံ​လျက် စောင့်​နေ​ပြီး​မှ၊ က​တိ​တော်​ကို​ဝင်​စား​လေ၏။- လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။- ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။- ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။- မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ယေ​ရှု​သည်၊ ငါ​တို့​အ​တွက်၊ ထို​အ​တွင်း​အ​ရပ်​ထဲ​သို့ ရှေ့​ဆောင်၍​ဝင်​သော​သူ ဖြစ်​တော်​မူ၏။