YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 44:1-13

ကမ္ဘာဦး 44:1-13 JBMLE

ယော​သပ်​သည်​လည်း ဝန်​စာ​ရေး​ကို​ခေါ်၍ ထို​သူ​တို့​အိတ်​များ၌ ရိ​က္ခာ​ပါ​နိုင်​သ​မျှ အ​ပြည့်​ထည့်​လော့။ လူ​တိုင်း​ဆိုင်​သော​ငွေ​ကို မိ​မိ​တို့​အိတ်​ဝ​တွင်​လည်း​ကောင်း၊ စ​ပါး​အ​ဖိုး​ငွေ​နှင့် ငါ့​ငွေ​ဖ​လား​ကို၊ အ​ငယ်​ဆုံး​သော​သူ၏​အိတ်​ဝ​တွင်​လည်း​ကောင်း ထည့်​ထား​လော့​ဟု မှာ​သည်​အ​တိုင်း ဝန်​စာ​ရေး​ပြု​လေ၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ၊ ထို​သူ​တို့​ကို​မြည်း​များ​နှင့်​တ​ကွ လွှတ်​လိုက်​လေ၏။ မြို့​ပြင်​သို့​ရောက်၍ မ​ဝေး​သေး​သော​အ​ခါ၊ ယော​သပ်​သည်​ဝန်​စာ​ရေး​ကို​ခေါ်၍၊ ထို​သူ​တို့​ကို မြန်​မြန်​လိုက်​လော့။ မီ​သော​အ​ခါ သင်​တို့​သည်​ကျေး​ဇူး​ကို မ​ကောင်း​သော​အ​မှု​နှင့် အ​ဘယ်​ကြောင့်​ဆပ်​ကြ​သ​နည်း။ ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊ ဝန်​စာ​ရေး​လိုက်၍​မီ​သော​အ​ခါ ပြော​ဆို​လေ၏။ သူ​တို့​က​လည်း ဤ​စ​ကား​ကို သ​ခင်​သည် အ​ဘယ်​ကြောင့်​ပြော​ပါ​သ​နည်း။ ကိုယ်​တော်​ကျွန်​တို့​နှင့် ထို​သို့​သော​အ​မှု​ဝေး​ပါ​စေ​သ​တည်း။ ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​တွင် မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ။ ကျွန်​တော်​တို့​သည်​လည်း သ​ခင်၏​ကျွန်​ခံ​ကြ​ပါ​မည်​ဟု ဆို​ကြ၏။ ဝန်​စာ​ရေး​က​လည်း၊ သင်​တို့​စ​ကား​အ​တိုင်း​ဖြစ်​စေ။ သို့​သော်​လည်း မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​သည်​ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ပြစ်​လွှတ်​ကြ​စေ​ဟု ဆို​သော်၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိတ်​များ​ကို မြေ၌​ချ၍​ဖွင့်​ကြ၏။ ဝန်​စာ​ရေး​သည်​လည်၊ အ​ကြီး​မှ​စ၍ အ​ငယ်​တိုင်​အောင်​ရှာ​သ​ဖြင့် ဗင်္ယာ​မိန်​အိတ်၌​ဖ​လား​ကို​တွေ့၏။ ထို​အ​ခါ​သူ​တို့​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လူ​တိုင်း​မိ​မိ​မြည်း​ပေါ်​မှာ ဝန်​ကို​တင်​ပြန်​သ​ဖြင့် မြို့​သို့​ပြန်​သွား​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။