YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 1:6-24

ဂလာတိ 1:6-24 JBMLE

ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် သင်​တို့​ကို ခေါ်​တော်​မူ​သော​သူ​နှင့် ဤ​မျှ​လောက်​မြန်​မြန်​ခွာ၍ သင်​တို့​သည် အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ခံ​ယူ​ကြ​သော​ကြောင့် ငါ​သည်​အံ့​ဩ​ခြင်း​ရှိ၏။- ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။- သို့​သော်​လည်း၊ သင်​တို့​အား​ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် ဟော​ပြော​သော်​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​မှ​လာ​သော ကောင်း​ကင်​တ​မန် ဟော​ပြော​သော်​လည်း​ကောင်း၊ ဟော​ပြော​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ။- တစ်​ဖန်​တုံ၊ သင်​တို့​ခံ​ယူ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ ဟော​ပြော​လျှင်၊ ထို​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​ဟု ငါ​တို့​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ငါ​ထပ်၍​ဆို​သေး၏။- အ​ကြောင်း​မူ​ကား၊ ယ​ခု​တွင် ငါ​သည် လူ​တို့၏ အ​လို​သို့​လိုက်​သ​လော။ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို လိုက်​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြ​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြံ​သေး​လျှင်၊ ခ​ရစ်​တော်၏ အ​စေ​ခံ​ကျွန်​မ​ဟုတ်​ပြီ။ ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် လူ​တို့၏​တ​ရား​မ​ဟုတ်။- လူ​ထံ​မှာ ငါ​ခံ​ရ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်၏ ဗျာ​ဒိတ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဥ​ပ​ဒေ​သ​ကို ငါ​မ​ခံ သည်​အ​ကြောင်း​ကို သင်​တို့​အား ငါ​ကြား​လိုက်၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ အ​ထက်​က ယု​ဒ​ဘာ​သာ၌​နေ၍ ငါ​ကျင့်​သော​အ​ကျင့်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန် ညှဉ်း​ဆဲ​ဖျက်​ဆီး ကြောင်း​ကို​လည်း​ကောင်း၊- ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။- သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။- ငါ့​အ​ရင် တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​မ​သွား၊ အာ​ရပ်​ပြည်​သို့ ချက်​ချင်း​သွား၍ တစ်​ဖန် ဒ​မာ​သက်​မြို့​သို့ ပြန်​လေ၏။- ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။- သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။- ဤ​သို့ သင်​တို့​အား ငါ​ရေး၍ ကြား​လိုက်​သည်​တွင် မု​သား​စ​ကား​ကို ငါ​မ​ပြော​မ​သုံး​ဟု ဘု​ရား​သ​ခင်​ရှေ့ တော်၌​ငါ​ဆို၏။- ထို​နောက်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​သို့ ငါ​သွား၍၊- ယု​ဒ​ပြည်၌ ခ​ရစ်​တော်၏​ဘာ​သာ​ကို ခံ​ယူ​သော သင်း​ဝင်​သူ​တို့​သည် ငါ့​မျက်​နှာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၍၊- ငါ​တို့​ကို ညှ​ဥ်း​ဆဲ​ဖူး​သော​သူ​သည် အ​ထက်​က မိ​မိ​ဖျက်​ဆီး​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ယ​ခု မိ​မိ ဟော​ပြော​သည်​ဟု သူ​တို့​ကြား​ရုံ​ရှိ​ကာ​မျှ​နှင့်၊- ငါ့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။