YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 37:1-14

ယေဇကျေလ 37:1-14 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊ ထို​အ​ရိုး​တို့​ပတ်​လည်၌ လျှောက်​သွား​စေ​တော်​မူ၏။ ထို​ချိုင့်​မျက်​နှာ​ပြင်၌ များ​စွာ​သော​အ​ရိုး​တို့​သည်​ရှိ၍ အ​လွန်​သွေ့​ခြောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် အ​သက်​ရှင်​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သိ​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​ရိုး​တို့​အ​ပေါ်​မှာ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​မှာ၊ အို သွေ့​ခြောက်​သော အ​ရိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။ သင်​တို့​အ​ပေါ်​မှာ အ​ကြော​တို့​ကို ငါ​တင်၍ အ​သား​ကို​တက်​စေ​မည်။ အ​ရေ​နှင့် ဖုံး​လွှမ်း၍၊ အ​သက်​ကို သွင်း​သ​ဖြင့် သင်​တို့​သည် အ​သက်​ရှင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု၊ မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည် ပ​ရော​ဖက်​ပြု၏။ ပ​ရော​ဖက်​ပြု​စဉ်​တွင် အ​သံ​မြည်၏။ လှုပ်​ရှား​ခြင်း​လည်း ရှိ၏။ အ​ရိုး​တို့​သည် တစ်​ခု​အ​နီး​သို့​တစ်​ခု ချဉ်း​ကြ၏။ ငါ​ကြည့်​ရှု​စဉ်​တွင် အ​ကြော​တို့​သည်​ပေါ်​လာ၍ အ​သား​လည်း​တတ်၏။ အ​ရေ​လည်း ဖုံး​လွှမ်း၏။ သို့​ရာ​တွင်၊ အ​သက်​မ​ရှိ​သေး။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊ မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည်​ပ​ရော​ဖက်​ပြု၍၊ လေ​သည် သူ​တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့် သူ​တို့​သည် အ​သက်​ရှင်၍၊ အ​လွန်​များ​သော ဗိုလ်​ခြေ​ဖြစ်​လျက် မတ်​တတ်​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။ သို့​ဖြစ်၍၊ ပ​ရော​ဖက်​ပြု​လျက် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍ သင်​တို့​ကို ထုတ်​ပြီး​လျှင် ဣ​သ​ရေ​လ​ပြည်​သို့ ပို့​ဆောင်​မည်။ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍​သင်​တို့​ကို ထုတ်​ပြီး​လျှင်၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။