YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 26

26
တု​ရု​မြို့​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်
1သ​က္က​ရာဇ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊#ဟေ​ရှာ၊ ၂၃:၁-၁၈။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၉-၁၀။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 2အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင့်​တစ်​ဖက်​၌ ငါ​နေ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တက်​သ​ကဲ့​သို့၊ လူ​အ​မျိုး​မျိုး​တို့​သည် သင့်​ကို​တက်၍ တိုက်​စေ​မည်။ 4သူ​တို့​သည် တု​ရု​မြို့​ရိုး​ကို​ဖျက်၍ ပြ​အိုး​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို ငါ​ခြစ်​ခွာ၍ ရှင်း​လင်း​သော​ကျောက်​ကဲ့​သို့ ဖြစ်​စေ​မည်။ 5ပင်​လယ်​အ​လယ်၌ ပိုက်​ကွန်​လှန်း​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ လူ​မျိုး​လု​ယူ​ရာ ဖြစ်​ရ​လိမ့်​မည်။ 6လယ်​ပြင်၌​ရှိ​သော သ​မီး​တို့​သည် ဓား​ဖြင့်​သေ၍၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
7တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘု​ရင်​တို့၏​ဘု​ရင်​တည်း​ဟူ​သော မြောက်​မျက်​နှာ​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ကို၊ မြင်း​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ လူ​များ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ တု​ရု​မြို့​သို့ ငါ​ဆောင်​ခဲ့​မည်။ 8သူ​သည် လယ်​ပြင်၌​ရှိ​သော သင်၏​သား​သ​မီး​တို့​ကို ဓား​နှင့်​သတ်​လိမ့်​မည်။ သင့်​တစ်​ဖက်၌ ရဲ​တိုက်​ကို​တည်၍ မြေ​ရိုး​ကို​ဖို့​ပြီး​လျှင်၊ ဒိုင်း​လွှား​တို့​ကို ချီ​ကာ​လိမ့်​မည်။ 9သင်၏​မြို့​ရိုး တစ်​ဖက်​တစ်​ချက်၊ ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား၍ သင်၏​ရဲ​တိုက်​တို့​ကို တူး​ရွင်း​နှင့် ဖြို​ချ​လိမ့်​မည်။ 10မြင်း​များ​သော​ကြောင့် မြေ​မှုန့်​သည် သင့်​ကို​ဖုံး​လွှမ်း​လိမ့်​မည်။ တိုက်​ဖျက်​သော​မြို့​ထဲ​သို့ ဝင်​တတ်​သ​ကဲ့​သို့ သင်၏​မြို့​တံ​ခါး​သို့ ဝင်​သော​အ​ခါ၊ လှည်း​ရ​ထား​မျိုး မြည်​သံ၊ မြင်း​စီး​သူ​ရဲ​တို့​အ​သံ​ကြောင့် သင်၏​မြို့​ရိုး​လှုပ်​ရှား​လိမ့်​မည်။ 11မြင်း​ခွာ​တို့​ဖြင့် သင်၏​လမ်း​ရှိ​သ​မျှ​တို့​ကို​နင်း​လျက်၊ သင်၏​လူ​တို့​ကို ဓား​နှင့်​သတ်၍၊ သင်​ခို​လှုံ​စ​ရာ ရုပ်​တု​ဆင်း​တု​တို့​သည် မြေ​တိုင်​အောင် ပြို​လဲ​ကြ​လိမ့်​မည်။ 12သင်၏​ဥ​စ္စာ​ကို လု​ယူ၍ သင်၏​ကုန်​များ​ကို​လည်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်၏​အုတ်​ထ​ရံ​တို့​ကို ဖြို၍​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ပြီး​လျှင်၊ သင်၏​ကျောက်၊ သစ်​သား၊ မြေ​တို့​ကို ရေ​ထဲ​မှာ​ချ​ပစ်​ကြ​လိမ့်​မည်။ 13သင်​ဆို​သော​သီ​ချင်း​သံ​ကို ငါ​ငြိမ်း​စေ၍၊ သင်​တီး​သော​စောင်း​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ​မ​ကြား​ရ။#ဗျာ၊ ၁၈:၂၂။ 14သင်​သည် ရှင်း​လင်း​သော​ကျောက်​ကဲ့​သို့ ပိုက်​ကွန်​လှန်း​ရာ​အ​ရပ်​ဖြစ်​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် မ​တည်​ပြန်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
15တု​ရု​မြို့​ကို ရည်​မှတ်၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​လယ်၌ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အ​မှု​ဖြစ်၍၊ ထိ​ခိုက်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ သင်​ပြို​လဲ​ခြင်း​အ​သံ​ကြောင့် တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ရပ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ 16သ​မု​ဒ္ဒ​ရာ​မင်း​အ​ပေါင်း​တို့​သည် ရာ​ဇ​ပ​လ္လင်​ပေါ်​က​ဆင်း၍၊ အင်္ကျီ​တော်​ကို​လည်း​ကောင်း၊ ချယ်​လှယ်​သော အ​ဝတ်​တော်​ကို​လည်း​ကောင်း၊ ချွတ်​ပယ်​ပြီး​မှ၊ တုန်​လှုပ်​ခြင်း​အ​ဝတ်​ကို​ဝတ်​လျက်၊ မြေ​ပေါ်၌ ထိုင်​လျက် ခ​ဏ​ခ​ဏ​တုန်​လှုပ်၍၊ သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။#ဗျာ၊ ၁၈:၉-၁၀။ 17သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။ 18သင်​ပြို​လဲ​သော​နေ့​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့​သည် တုန်​လှုပ်၍၊ သင်​ကွယ်​ပျောက်​သော​ကြောင့် ပင်​လယ်၌​ရှိ​သော ကျွန်း​များ​တို့​သည် ထိတ်​လန့်​ကြ​လိမ့်​မည်။ 19အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မ​နေ​သော​မြို့​ကဲ့​သို့ ငါ​သည် သင့်​ကို​ဆိတ်​ညံ​စေ​လျက်၊ ပင်​လယ်​ကို သင့်​အ​ပေါ်​သို့​ဆောင်​ခဲ့၍၊ လှိုင်း​တံ​ပိုး​တို့​သည် သင့်​ကို​လွှမ်း​မိုး​သော​အ​ခါ၊ 20ရှေး​လူ​ဟောင်း​တို့​နေ​ရာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ သင့်​ကို​ငါ​နှိမ့်​ချ၍၊ သင်၌ လူ​မ​နေ​စေ​ခြင်း​ငှာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ၊ ရှေး​ကာ​လ​မှ​စ၍ ဆိတ်​ညံ​ရာ​အ​ရပ်၊ မြေ​အောက်​အ​ရပ်​တို့၌ ငါ​ချ​ထား​မည်။ ထို​အ​ခါ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ငါ့​ဘုန်း​ကို ငါ​ဖွင့်​မည်။ 21သင်​မူ​ကား၊ ကြောက်​မက်​ဖွယ်​သော​အ​ရာ​ဖြစ်၍၊ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ ရှာ၍​မ​တွေ့​နိုင်​အောင်၊ ပျောက်​ကုန်​ရာ​သို့ ရောက်​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဗျာ၊ ၁၈:၂၁။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 26: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ