YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 5:15-23

ထွက်မြောက်ရာ 5:15-23 JBMLE

ထို​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည်၊ ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​တို့​ကို အ​ဘယ်​ကြောင့်​ဤ​သို့​စီ​ရင်​တော်​မူ​သ​နည်း။ ကိုယ်​တော်​ကျွန်​တို့​အား၊ ကောက်​ရိုး​ကို​မ​ပေး၊ အုပ်​ချုပ်​သော​သူ​တို့​က​လည်း၊ အုတ်​ကို​လုပ်​ကြ​ဟု​ဆို​သ​ဖြင့်၊ ကျွန်​တော်​တို့​သည် အ​ရိုက်​ခံ​ရ​ကြ​ပါ၏။ ကိုယ်​တော် လူ​တို့၌​သာ​အ​ပြစ်​ရှိ​ပါ​သည်​ဟု အော်​ဟစ်​ကြ၏။ ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့​သည် ပျင်း​ရိ​သည်၊ ပျင်း​ရိ​သည်။ ထို​ကြောင့် ငါ​တို့​သည်​သွား၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ​စို့​ဟု သင်​တို့​ဆို​တတ်​ကြ၏။ သို့​သော​ကြောင့် ယ​ခု​သွား၍​လုပ်​ကြ။ ကောက်​ရိုး​ကို​မ​ပေး​ရ။ သို့​သော်​လည်း အုတ်​ကို​ပေး​မြဲ​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​နေ့​တိုင်း​လုပ်​ရ​သော အုတ်​အ​ရေ​အ​တွက်၌ အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည် မိ​မိ​တို့၌ အ​မှု​ကြီး​ရောက်​ကြောင်း​ကို သိ​မြင်​ကြ၏။ ဖာ​ရော​မင်း​ထံ​မှ​ထွက်​သွား​ကြ​စဉ်၊ လမ်း၌​စောင့်​လျက်​နေ​သော မော​ရှေ​နှင့် အာ​ရုန်​ကို​တွေ့​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။ မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွား၍၊ အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို အ​ဘယ်​ကြောင့်​ညှဉ်း​ဆဲ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် စေ​လွှတ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​ခွင့်​နှင့်​ပြော​ခြင်း​ငှာ၊ ဖာ​ရော​မင်း​ထံ​သို့ ဝင်​သည်​နေ့​မှ​စ၍၊ သူ​သည် ဤ​လူ​မျိုး​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။ ကိုယ်​တော်​သည် ကိုယ်​တော်၏​လူ​တို့​ကို အ​လျှင်း​ကယ်​လွှတ်​တော်​မ​မူ​ပါ​ဟု​လျှောက်၏။