YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 4:1-13

ထွက်မြောက်ရာ 4:1-13 JBMLE

မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။ မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​လက်​ကို​ဆန့်၍ သူ့​အ​မြီး​ကို​ကိုင်​ဖမ်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လက်​ကို​ဆန့်၍ ဖမ်း​မိ​သ​ဖြင့်၊ သူ၏​လက်၌ လှံ​တံ​ဖြစ်​ပြန်​လေ​၏။ သို့​ပြု​လျှင် သူ​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား ထင်​ရှား​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် ယုံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​လက်​ကို သင်၏​ရင်​ခွင်​သို့​သွင်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​ကို​ရင်​ခွင်​သို့​သွင်း၍​ထုတ်​ပြန်​သော​အ​ခါ၊ လက်​သည် မိုး​ပွင့်​အ​ဆင်း​ကဲ့​သို့ နူ​လေ​၏။ တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။ ထို​သူ​တို့​သည်​သင့်​ကို​မ​ယုံ၊ ပ​ထ​မ​နိ​မိတ်​သက်​သေ​ကို နား​မ​ထောင်​လျှင်၊ နောက်​ဖြစ်​သော​နိ​မိတ်​သက်​သေ​ကို ယုံ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် ထို​နိ​မိတ်​နှစ်​ပါး​ကို​မ​ယုံ၊ သင်၏​စ​ကား​ကို​နား​မ​ထောင်​လျှင်၊ သင်​သည် မြစ်​ရေ​အ​ချို့​ကို​ယူ၍ ကုန်း​ပေါ်​မှာ​သွန်း​လော့။ ထို​သို့ မြစ်​ထဲ​က​ယူ​သော​ရေ​သည် ကုန်း​ပေါ်​မှာ အ​သွေး​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ၏​နှုတ်​ကို​အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ စ​ကား​အ​သော​သူ၊ နား​ပင်း​သော​သူ၊ မျက်​စိ​မြင်​သော​သူ၊ မ​မြင်​သော​သူ​တို့​ကို အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။