YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 33:7-19

ထွက်မြောက်ရာ 33:7-19 JBMLE

မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။ မော​ရှေ​သည်​တဲ​တော်​သို့ ထွက်​သွား​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည်​ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌​ရပ်​လျက် တဲ​တော်​အ​ထဲ​သို့ မော​ရှေ​ဝင်​သည် တိုင်​အောင် ကြည့်​ရှု​လျက်​နေ​ကြ၏။ မော​ရှေ​သည် တဲ​တော်​အ​ထဲ​သို့​ဝင်​ပြီး​မှ၊ မိုး​တိမ်​တိုင်​ဆင်း​သက်၍ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ တဲ​တော်​တံ​ခါး​ဝ၌ မိုး​တိမ်​တိုင်​ရပ်​နေ​သည်​ကို​မြင်​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ကိုး​ကွယ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဆွေ​ခင်​ပွန်း​ချင်း​ကို နှုတ်​ဆက်​တတ်​သည်​နည်း​တူ၊ မော​ရှေ​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​သည် တပ်​ထဲ​သို့ ပြန်​ဝင်​သော​အ​ခါ သူ၏​လက်​ထောက်​နုန်၏​သား ယော​ရှု​မည်​သော​လု​လင်​သည်၊ တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ၏။ မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။ သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။ ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​မော​ရှေ​က၊ ကိုယ်​တော်​တိုင်​မ​သွား​လျှင် အ​ကျွန်ုပ်​တို့​ကို ဤ​အ​ရပ်​မှ ပို့​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​လျှောက်​သည်​အ​တိုင်း ငါ​ပြု​မည်။ သင်​သည် ငါ့​ရှေ့၌ မျက်​နှာ​ရ​ပြီ။ သင့်​ကို သင်၏​နာ​မ​ဖြင့်​ငါ​သိ၏​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။