YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12:31-42

ထွက်မြောက်ရာ 12:31-42 JBMLE

ထို​ည​ချင်း​တွင် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​တော်​မူ​လျှင်၊ သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထ၍ ငါ့​လူ​စု​ထဲ​က​ထွက်​သွား​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​သွား၍ ဝတ်​ပြု​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း သိုး​နွား​များ​ကို​ယူ၍​သွား​ကြ​လော့။ ငါ့​ကို​လည်း ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သေ​ကောင်​ဖြစ်​ကြ​ပြီ​ဟု​ဆို​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က အ​လျင်​အ​မြန်​လွှတ်​ခြင်း​ငှာ ကျပ်​ကျပ်​နှိုး​ဆော်​ကြ​၏။ ထို​လူ​တို့​သည် တ​ဆေး​မ​ရော​သေး​သော​မုန့်​စိမ်း​ကို​ယူ၍ မုန့်​နယ်​သော​ခွက်​တို့​ကို​လည်း အ​ဝတ်​နှင့်​တ​ကွ​ထုပ်၍​ထမ်း​ကြ​၏။ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။ တောင်း​သည်​အ​တိုင်း​လည်း၊ ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို အဲ​ဂု​တ္တု​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ ဥ​စ္စာ​များ​ကို​လု​ယူ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။ အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။ တ​ဆေး​မ​ရော​ဘဲ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော မုန့်​စိမ်း​ကို​ယူ၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ဖုတ်​ရ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်၌ မ​နွှဲ​မ​ဖင့် အ​နှင်​ခံ​ရ​သော​ကြောင့်၊ ကိုယ်​စား​စ​ရာ​ကို​မ​ပြင်​မီ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်၌​ဧည့်​သည်​ဖြစ်၍၊ တည်​နေ​ကြ​သော​ကာ​လ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဖြစ်​သ​တည်း။ အ​နှစ်​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​ကြ​၏။ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​တွက်​ကြောင့်၊ ထို​နေ့​ည​ကို အ​ထူး​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား၌​စောင့်​စ​ရာ​ကောင်း၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် စောင့်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ည​ကား၊ ဤ​သည်​ည​ပေ​တည်း။