YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 4:1-5

ဒေသနာ 4:1-5 JBMLE

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။ သို့​ဖြစ်၍၊ သေ​လွန်​ပြီး​သော လူ​သေ​သည် အ​သက်​ရှင်​သေး​သော​လူ​ရှင်​ထက် သာ၍​မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​ဆို​ရ၏။ သို့​ရာ​တွင် တစ်​ခါ​မျှ မ​ဖြစ်​သေး​သော​သူ၊ နေ​အောက်​မှာ ပြု​သော​ဒု​စ​ရိုက်​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​ထက် သာ၍​မင်္ဂ​လာ​ရှိ၏။ တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။ မိုက်​သော​သူ​သည် မိ​မိ​လက်​ချင်း​ပိုက်​ထား၍၊ မိ​မိ​အ​သား​ကို စား​တတ်၏။