YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 34

34
မော​ရှေ​အ​နိ​စ္စ​ရောက်​ခြင်း
1ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊ 2နဿ​လိ​ပြည်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည်​နှင့်​တ​ကွ အ​ဝေး​ဆုံး​သော ပင်​လယ်​တိုင်​အောင်၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၊ 3တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ကျိန်​ဆို၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု က​တိ​ထား​သော​ပြည်​ကို ကြည့်​လော့။ သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး၏။ သို့​ရာ​တွင် ကူး၍​မ​သွား​ရ​ဟု မိန့်​တော်​မူ၏။#က၊ ၁၂:၇။ ၂၆:၃။ ၂၈:၁၃။ 5ထို​သို့​ထာ၀​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထာ၀​ရ​ဘု​ရား၏​ကျွန် မော​ရှေ​သည် မော​ဘ​ပြည်၊ ထို​အ​ရပ်၌​အ​နိ​စ္စ​ရောက်၍၊ 6ဗက်​ပေ​ဂု​ရ​မြို့​တစ်​ဖက်၊ မော​ဘ​ပြည်၊ တစ်​စုံ​တစ်​ခု​သော​ချိုင့်၌ သင်္ဂြိုဟ်​တော်​မူ၏။ မော​ရှေ၏​သင်္ချိုင်း​ကို ယ​နေ့​တိုင်​အောင် အ​ဘယ်​လူ​မျှ မ​သိ​ရာ။ 7မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​အ​ခါ အ​သက်​တစ်​ရာ​နှစ်​ဆယ် ရှိ၏။ သူ၏​မျက်​စိ မ​မှုန်​သေး။ ခွန်​အား​လည်း မ​လျော့​သေး။ 8ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။
9မော​ရှေ​အ​တွက် ငို​ကြွေး​မြည်​တမ်း​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​သည် အ​ထက်​က မော​ရှေ၏​လက်​တင်​မင်္ဂ​လာ​ကို ခံ​ရ​သ​ဖြင့်၊ ပ​ညာ​သ​ဘော​နှင့် ပြည့်​စုံ​သော​သူ​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု၏​စ​ကား​ကို​နား​ထောင်​လျက်၊ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ကြ၏။ 10-12ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။#ထွ၊ ၃၃:၁၁။
ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။