YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 33

33
မော​ရှေ​ကောင်း​ချီး​ပေး​ခြင်း
1ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊ 2ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။ 3အ​ကယ်​စင်​စစ် ထို​လူ​မျိုး​ကို ချစ်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​ပါး​တွင်​ရှိ​ကြ၏။ သူ​တို့​သည် ခြေ​တော်​ရင်း၌​ပျပ်​ဝပ်၍ စ​ကား​တော်​တို့​ကို နား​ခံ​ကြ​လေ၏။ 4ယာ​ကုပ်​အ​မျိုး ပ​ရိ​သတ်​အ​မွေ​ခံ​ရ​သော​ဓ​မ္မ​တ​ရား​ကို မော​ရှေ​သည် ငါ​တို့​အား​ထား၏။ 5ဣ​သ​ရေ​လ​အ​မျိုး​မင်း​များ​နှင့်​တ​ကွ၊ အ​မျိုး​အ​နွယ်​များ​တို့​သည် စည်း​ဝေး​သော​အ​ခါ၊ ထို​သူ​သည် ယေ​ရှု​ရုန်​အ​မျိုး၌ ရှင်​ဘု​ရင်​ဖြစ်၏။
6ရု​ဗင်​အ​မျိုး​မ​သေ၊ အ​သက်​ရှင်၍ သူ၏​လူ​တို့​သည် များ​ပါ​စေ​သော။ 7ယု​ဒ​အ​မျိုး​ကို​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယု​ဒ​စ​ကား​သံ​ကို​နား​ထောင်၍ သူ့​ကို အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​ပါ။ မိ​မိ​လက်​တို့​သည် မိ​မိ​အ​ဖို့ တန်​ပါ​စေ​သော။ သူ့​ကို ရန်​သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။ 8လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊#ထွ၊ ၂၈:၃၀၊ ၁၇:၇၊ တော၊ ၂၀:၁၃။ 9ထို​သူ​သည် ကိုယ်​မိ​ဘ​ဖြစ်​သော်​လည်း ငါ​မ​တွေ့​မ​မြင်​ဟု ဆို​တတ်၏။ ကိုယ်​ညီ​အစ်​ကို​ကို​လည်း မ​မှတ်​တတ်။ ကိုယ်​သား​သ​မီး​ကို​လည်း မ​သိ​တတ်။ အ​ကြောင်း​မူ​ကား၊ စ​ကား​တော်​ကို​နား​ထောင်၍ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို စောင့်​ရှောက်​တတ်၏။ 10သူ​တို့​သည် စီ​ရင်​တော်​မူ​ချက်​တို့​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ တ​ရား​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း သွန်​သင်​ကြ​လိမ့်​မည်။ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို ရှေ့​တော်၌​လည်း​ကောင်း၊ တစ်​ကိုယ်​လုံး မီး​ရှို့​ရာ​ယဇ်​ကို ယဇ်​ပ​လ္လင်​တော်​ပေါ်၌​လည်း​ကောင်း တင်​ထား​ကြ​လိမ့်​မည်။ 11အို​ထာ​ဝ​ရ​ဘု​ရား၊ သူ၏​ဥ​စ္စာ​ကို ကောင်း​ချီး​ပေး၍ သူ​လုပ်​ဆောင်​သော​အ​မှု​ကို လက်​ခံ​တော်​မူ​ပါ။ သူ့​တစ်​ဖက်၌​ထ၍ သူ့​ကို​မုန်း​သော​သူ​တို့​သည် နောက်​တစ်​ဖန် မ​ထ​နိုင်​အောင် သူ​တို့​ခါး​ကို ချိုး​တော်​မူ​ပါ။
12ဗင်္ယာ​မိန်​အ​မျိုး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် အ​ထံ​တော်​ပါး​တွင် လုံ​ခြုံ​စွာ​နေ​ရ​လိမ့်​မည်။ သူ့​ကို အ​စဉ်​အ​မြဲ​ဖုံး​လွှမ်း၍ သူ၏​ပ​ခုံး​ကြား​မှာ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ 13ယော​သပ်​အ​မျိုး​ကို​ကား၊ ထို​အ​မျိုး​နေ​သော​ပြည်​သည် အ​ထက်​မိုး​ကောင်း​ကင် ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊ အောက်​အ​ရပ်၌ ပုန်း​ကွယ်၍ နက်​နဲ​သော​အ​ရာ အား​ဖြင့်​လည်း​ကောင်း၊ 14နေ​ဖြစ်​စေ​သော​ဘ​ဏ္ဍာ၊ လ​ဖြစ်​စေ​သော​ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊ 15အ​သက်​ကြီး​သော​တောင်​ထိပ်၊ မြဲ​မြံ​သော​တောင်​ထဲ​က​ထွက်​သော ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊ 16မြေ​ကြီး​ဘ​ဏ္ဍာ စုံ​လင်​ရာ​အား​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ချုံ၌​နေ​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏ ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။ 17သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။
18ဇာ​ဗု​လုန်​အ​မျိုး​ကို​ကား၊ အို​ဇာ​ဗု​လုန်​အ​မျိုး၊ ထွက်​သွား​ရာ​အ​မှု၌ ဝမ်း​မြောက်​လော့။ အို​ဣ​သ​ခါ​အ​မျိုး၊ မိ​မိ​တဲ၌​နေ​လျက် ဝမ်း​မြောက်​လော့။ 19ထို​အ​မျိုး​တို့​သည် လူ​များ​တို့​ကို တောင်​တော်​သို့​ခေါ်၍၊ တောင်​တော်၌ တ​ရား​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​လိမ့်​မည်။ ပင်​လယ်​စည်း​စိမ်၊ သဲ၌​ဝှက်​ထား​လျက်​ရှိ​သော ဘ​ဏ္ဍာ​ကို​နို့​စို့​ကြ​လိမ့်​မည်။ 20ဂဒ်​အ​မျိုး​ကို​ကား၊ ဂဒ်​အ​မျိုး​ကို ကျယ်​ဝန်း​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထို​အ​မျိုး​သည် ခြင်္သေ့​ကဲ့​သို့​နေ၍၊ လက်​ရုံး​နှင့်​ဦး​ထိပ်​ကို ဆုတ်​ဖဲ့​တတ်၏။ 21ရှေ့​ဦး​စွာ​သော​အ​ဖို့​ကို မိ​မိ​အ​ဖို့​ရွေး​ယူ၍၊ တ​ရား​မင်း​ခွဲ​ဝေ​ရာ ထို​အ​ရပ်၌ လုံ​ခြုံ​ရ၏။ လူ​များ​တို့၏ အ​ကဲ​အ​မှူး​ပြု​လျက် လိုက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​မှု၊ ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို ပြု​လေ၏။ 22ဒန်​အ​မျိုး​ကို​ကား၊ ဒန်​အ​မျိုး​သည် ခြင်္သေ့​သ​ငယ်​ဖြစ်၍ ဗာ​ရှန်​ပြည်​မှ ခုန်​လိမ့်​မည်။ 23နဿ​လိ​အ​မျိုး​ကို​ကား၊ အို​နဿ​လိ​အ​မျိုး၊ ကျေး​ဇူး​တော်​နှင့်​ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မင်္ဂ​လာ​နှင့်​ပြည့်​စုံ​လျက်၊ အ​နောက်​ပိုင်း၊ တောင်​ပိုင်း​ကို​ဝင်​စား​လော့။ 24အာ​ရှာ​အ​မျိုး​ကို​ကား၊ အာ​ရှာ​အ​မျိုး​သည် သား​သ​မီး​ကို​ရ၍ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ညီ​အစ်​ကို​ချင်း၏ စိတ်​နှင့်​တွေ့​ခြင်း၊ မိ​မိ​ခြေ​ကို​ဆီ၌​နှစ်​ခြင်း ရှိ​ပါ​စေ​သော။ 25သင်၏​တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည် သံ​နှင့်​ကြေး​ဝါ​ဖြင့် ပြီး​ကြ​လိမ့်​မည်။ သင်၏​နေ့​ရက်​ကာ​လ​ဖြစ်​သည်​အ​တိုင်း သင့်​အ​စွမ်း​သ​တ္တိ ဖြစ်​လိမ့်​မည်။
26သင့်​ကို​ပြု​စု​စေ​ခြင်း​ငှာ ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​လျက်၊ မိုး​ကောင်း​ကင်​ကို စီး​တော်​မူ​သော ယေ​ရှု​ရုန်​အ​မျိုး၏ ဘု​ရား​သ​ခင်​နှင့်​တူ​သော​သူ မ​ရှိ။ 27ရှေ့​ဦး​စွာ​သော​ဘု​ရား​သ​ခင်​သည် သင့်​ခို​လှုံ​ရာ​ဖြစ်၍၊ နိ​စ္စ​ထာ​ဝ​ရ လက်​ရုံး​တော်​ဖြင့် သင့်​ကို​ထောက်​မ​တော်​မူ၏။ ရန်​သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်၍ သူ​တို့​ကို​ဖျက်​ဆီး​သော​အ​ခွင့် ပေး​တော်​မူ​မည်။ 28ဣ​သ​ရေ​လ​အ​မျိုး​သည် ဘေး​လွတ်၍ တစ်​မျိုး​တည်း နေ​ရ​လိမ့်​မည်။ ယာ​ကုပ်​အ​နွယ်​သည် စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၌ နေ​ရာ​ကျ၍၊ မိုး​နှင်း​ရည်​လည်း စက်​စက်​ကျ​လိမ့်​မည်။ 29အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။