တရားဟောရာ 34
34
မောရှေအနိစ္စရောက်ခြင်း
1ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှသွား၍ ယေရိခေါမြို့တစ်ဖက်၊ နေဗောတောင်၊ ပိသဂါထိပ်ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည်တစ်လျှောက်လုံး၊ 2နဿလိပြည်တစ်လျှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တစ်လျှောက်လုံး၊ 3တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။ 4ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု ကတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။#က၊ ၁၂:၇။ ၂၆:၃။ ၂၈:၁၃။ 5ထိုသို့ထာ၀ရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာ၀ရဘုရား၏ကျွန် မောရှေသည် မောဘပြည်၊ ထိုအရပ်၌အနိစ္စရောက်၍၊ 6ဗက်ပေဂုရမြို့တစ်ဖက်၊ မောဘပြည်၊ တစ်စုံတစ်ခုသောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှ မသိရာ။ 7မောရှေသည် အနိစ္စရောက်သောအခါ အသက်တစ်ရာနှစ်ဆယ် ရှိ၏။ သူ၏မျက်စိ မမှုန်သေး။ ခွန်အားလည်း မလျော့သေး။ 8ဣသရေလအမျိုးသားတို့သည် မောရှေကိုအောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
9မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ရက်ကာလလွန်ပြီးမှ၊ နုန်၏သားယောရှုသည် အထက်က မောရှေ၏လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘောနှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကိုနားထောင်လျက်၊ မောရှေအား ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုကြ၏။ 10-12ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်းတို့၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အလုံးစုံတို့ကိုပြု၍၊ ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန်ကြောက်မက်ဖွယ်သော အမှုအရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တစ်ဖန် ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစ်စုံတစ်ပါးမျှ မပေါ်မထွန်း။#ထွ၊ ၃၃:၁၁။
ရှင်မောရှေစီရင်ရေးထားသော တရားဟောရာကျမ်းပြီး၏။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာ 34: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.