YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 3

3
သြ​ဃ​မင်းကို​အောင်​ခြင်း
(တော၊ ၂၁:၃၁-၃၅)
1ထို​အ​ခါ ငါ​တို့​သည်​လှည့်၍၊ ဗာ​ရှန်​ပြည်​သို့ ခ​ရီး​သွား​ကြ၏။ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​သည်​လည်း မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဧ​ဒြိ​အ​ရပ်​မှာ စစ်​တိုက်​ခြင်း​ငှာ​ချီ​လာ၏။ 2ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။ 3ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ တစ်​ယောက်​မျှ မ​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။ 4ထို​အ​ခါ ငါ​တို့​သည် မြို့​ခြောက်​ဆယ်​နှင့်​ပြည့်​စုံ​သော အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​မင်း၏​နိုင်​ငံ​ကို၊ တစ်​မြို့​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ တိုက်​ယူ​ကြ၏။ 5ထို​မြို့​ရှိ​သ​မျှ​တို့​သည် မြင့်​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ၊ ကန့်​လန့်​ကျင်​များ​နှင့် ခိုင်​ခံ့​သော​မြို့​ဖြစ်​သ​တည်း။ ထို​မှ​တစ်​ပါး များ​စွာ​သော​ရွာ​တို့​ကို​လည်း တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 6ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့၊ အ​ရပ်​ရပ်၌ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ၏။ 7တိ​ရ​စ္ဆာန်​များ၊ မြို့​ရွာ၌ လက်​ရ​ဥ​စ္စာ​များ​ရှိ​သ​မျှ​တို့​ကို ကိုယ်​ဖို့​သိမ်း​ယူ​ကြ၏။ 8ထို​အ​ခါ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​ရှိ​သော​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ကြ၏။ 9ဟေ​ရ​မုန်​တောင်​ကို ဇိ​ဒုန်​လူ​တို့​သည် စိ​ရုန်​ဟူ၍​လည်း​ကောင်း၊ အာ​မော​ရိ​လူ​တို့​သည် ရှု​နိ​ရ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။ 10ချိုင့်၌​ရှိ​သ​မျှ​သော​မြို့​တို့​နှင့် ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊ ဩ​ဃ​မင်း၏​နိုင်​ငံ​အ​ဝင်၊ သာ​လ​က​မြို့၊ ဧ​ဒြိ​မြို့​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။ 11အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။
ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​နေ​သော​အ​နွယ်​များ
(တော၊ ၃၂:၁-၄၂)
12ထို​အ​ခါ ငါ​တို့​သိမ်း​ယူ​သော​မြေ​ကို၊ အာ​နုန်​မြစ်​နား​တွင်​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​တောင်​တစ်​ဝက်​တိုင်​အောင်၊ မြို့​များ​နှင့်​တ​ကွ ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား ငါ​ပေး၏။ 13ဂိ​လဒ်​တောင်​တစ်​ဝက်​နှင့် ဩ​ဃ​မင်း​အ​စိုး​ရ​သော နိုင်​ငံ​အ​ဝင်၊ အ​လွန်​ကြီး​မား​သော လူ​မျိုး​နေ​ရာ​ဟူ၍ ခေါ်​ဝေါ်​သော​အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​အား ငါ​ပေး၏။ 14မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်၊ အာ​ဂေါ​ဘ​တိုင်း​တစ်​တိုင်း​လုံး​ကို ဂေ​ရှု​ရ​ရွာ၊ မာ​ခါ​ရွာ​အ​ထိ​သိမ်း​ယူ​ပြီး​မှ၊ ယ​နေ့​တိုင်​အောင် မိ​မိ​အ​မည်​ကို​လိုက်၍ ဗာ​ရှန်​ဟာ​ဝုတ်​ယာ​ဣ​ရ​ပြည်​ဟု သ​မုတ်​လေ၏။ 15ဂိ​လဒ်​မြို့​ကို​ကား၊ မာ​ခိ​ရ​အ​မျိုး​သား​တို့​အား​ငါ​ပေး၏။ 16ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား​လည်း၊ ဂိ​လဒ်​မြို့​မှ အာ​နုန်​မြစ်​တိုင်​အောင်၊ မြစ်​ကွေ့​သော​မြေ​နှင့်​တ​ကွ၊ အ​မ္မုန်​ပြည်​အ​ပိုင်း​အ​ခြား​ဖြစ်​သော ယ​ဗ္ဗုတ်​မြစ်​တိုင်​အောင် မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ 17လွင်​ပြင်​နှင့်​တ​ကွ ယော်​ဒန်​မြစ်​နား၊ ဂင်္နေ​သ​ရက်​အ​ရပ်​မှ လွင်​ပြင်​နှင့်​ဆိုင်​သော သော​ဒုံ​အိုင်​အ​ရှေ့၊ အာ​ဇုတ်​ဝိ​သ​ဂါ​မြို့​တိုင်​အောင်၊ မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း ငါ​ပေး၏။
18ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။#ယော​ရှု၊ ၁:၁၂-၁၅။ 19-20ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သည်​နည်း​တူ၊ ညီ​အစ်​ကို​တို့​အား ပေး​တော်​မ​မူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​မ​ယား၊ သား​သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ငါ​ပေး​သော​မြို့​တို့၌ နေ​ရ​ကြ​မည်။ သင်​တို့​တွင် တိ​ရ​စ္ဆာန်​များ​စွာ​ရှိ​သည်​ကို ငါ​သိ၏။ အ​မှု​ပြီး​မှ ငါ​ပေး​နှင့်​သည်​အ​တိုင်း၊ သင်​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး ပိုင်​ထိုက်​သော​မြေ​သို့ ပြန်​လာ​ရ​ကြ​မည်​ဟု သင်​တို့​အား​ငါ​မှာ​ထား၏။ 21ထို​အ​ခါ​ယော​ရှု​ကို​လည်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​နှစ်​ပါး၌ ပြု​တော်​မူ​သော​အ​မှု​အ​လုံး​စုံ​ကို သင်​သည်​ကိုယ်​တိုင်​မြင်​ရ​ပြီ။ ထို​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ရောက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​တို့၌ ပြု​တော်​မူ​လိမ့်​မည်။ 22ထို​သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ငါ​မှာ​ထား​လေ၏။
က​တိ​တော်​ပြည်​သို့​မော​ရှေ​မ​ဝင်​ရ
23ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​ပန်​သည်​ကား၊#တော၊ ၂၇:၁၂-၁၄၊ တရား၊ ၃၂:၄၈-၅၂။ 24အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​အား တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​တော်​ကို​လည်း​ကောင်း ပြ​စ​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​စီ​ရင်၍ တန်​ခိုး​တော်​ကို​ပြ​သည်​အ​တိုင်း၊ ကောင်း​ကင်​မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​မည်​သော​ဘု​ရား ပြု​နိုင်​ပါ​သ​နည်း။ 25အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ ထို​ကောင်း​မွန်​သော​ပြည်​နှင့် လေ​ဗ​နုန်​တောင်​မှ​စ၍ တင့်​တယ်​သော​တောင်​များ​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​တောင်း​ပန်​သော်​လည်း၊ 26ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ ငါ့​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ တန်​တော့၊ ဤ​အ​မှု​နှင့်​ဆိုင်​သော​စ​ကား​ကို နောက်​တစ်​ဖန်​မ​လျှောက်​နှင့်။ 27ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့ တက်​ပြီး​လျှင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက် လေး​မျက်​နှာ​သို့​မျှော်၍ ထို​ပြည်​ကို​ကြည့်​ရှု​လော့။ ယော်​ဒန်​မြစ်​ကို မ​ကူး​ရ။ 28သို့​ရာ​တွင် ယော​ရှု​ကို​မှာ​ခဲ့၍ အား​ပေး​လော့။ မ​စ​ထောက်​ပင့်​လော့။ သူ​သည် ဤ​လူ​မျိုး​ရှေ့​မှာ​သွား၍၊ သင်​မြင်​ရ​သော​ပြည်​ကို အ​မွေ​ခံ​စေ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 29ထို​သို့ ငါ​တို့​သည် ဗက်​ပေ​ဂု​ရ​မြို့​တစ်​ဖက်၌ ရှိ​သော​ချိုင့်​တွင်​နေ​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ