YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 2

2
တော​ထဲ​တွင်​နေ​ရ​သော​နှစ်​များ
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည်​လှည့်၍၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​လျက်၊ စိ​ရ​တောင်​ကို ကြာ​မြင့်​စွာ​လှည့်​လည်​ကြ၏။#တော၊ ၂၁:၄။ 2-3ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်​ကို လှည့်​လည်​ကြ​ပြီ။ တစ်​ဖန် မြောက်​မျက်​နှာ​သို့ သွား​ကြ​ဦး​လော့။ 4သင်​သည် လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ညီ​အစ်​ကို ဧ​သော​အ​မျိုး​သား​တို့​နေ​သော စိ​ရ​ပြည်​အ​နား​မှာ သင်​တို့​လျှောက်​သွား​သော​အ​ခါ၊ သူ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ ထို​ကြောင့် သ​တိ​ပြု​ကြ​လော့။#က၊ ၃၆:၈။ 5သူ​တို့​ကို​အ​လျှင်း​မ​ပြု​ကြ​နှင့်။ သူ​တို့​ပြည်​ကို သင်​တို့​အား​ငါ​မ​ပေး။ ခြေ​နင်း​ရာ​ခန့်​ကို​မျှ မ​ပေး။ စိ​ရ​တောင်​ကို ဧ​သော​အား ငါ​အ​ပိုင်​ပေး​ပြီ။ 6သင်​တို့​သည်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း သူ​တို့​ထံ ငွေ​နှင့်​ဝယ်​ရ​ကြ​မည်။ 7သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။
8စိ​ရ​ပြည်​မှာ​နေ​သော ငါ​တို့​ညီ​အစ်​ကို ဧ​သော​အ​မျိုး​သား​တို့​အ​နား၌ လျှောက်​လျက် ဧ​လပ်​မြို့၊ ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှ​သွား​သော လွင်​ပြင်​လမ်း​သို့​လိုက်​ပြီး​လျှင်၊ တစ်​ဖန်​လှည့်၍ မော​ဘ​တော​လမ်း​ဖြင့် သွား​ကြ၏။ 9ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​နှင့်။ စစ်​မ​တိုက်​နှင့်။ သူ​တို့​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး။ အာ​ရ​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။#က၊ ၁၉:၃၇။ 10ရှေး​ကာ​လ၌ အာ​န​က​အ​မျိုး​သား​ကဲ့​သို့ ကြီး​မြင့်​များ​ပြား​သော​လူ၊ ဧ​မိမ်​အ​မျိုး​သား​တို့​သည် ထို​ပြည်​မှာ​နေ​ကြ၏။ 11ထို​သူ​တို့​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ အ​လွန်​ကြီး​မား​သော လူ​တို့​အ​ဝင်​ဖြစ်​သည်​ကို လူ​များ​ထင်​မှတ်​ကြ၏။ သို့​ရာ​တွင် မော​ဘ​ပြည်​သား​တို့​သည် ထို​သူ​တို့​ကို ဧ​မိမ်​ဟူ၍​ခေါ်​ကြ၏။ 12ရှေး​ကာ​လ၌ ဟော​ရိ​လူ​တို့​သည်​လည်း စိ​ရ​ပြည်​မှာ​နေ​ကြ၏။ ထို​သူ​တို့​ကို ဧ​သော​အ​မျိုး​သား​တို့​သည် သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ရ​ကြ​သ​တည်း။ 13ယ​ခု​ထ၍ ဇေ​ရက်​ချောင်း​ကို​ကူး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် ဇေ​ရက်​ချောင်း​ကို ကူး​ကြ၏။ 14ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ အ​ရင်​ရောက်​သော​ကာ​လ​မှ​စ၍ ဇေ​ရက်​ချောင်း​ကို ကူး​သော​ကာ​လ​တိုင်​အောင် နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ် လွန်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​စစ်​သူ​ရဲ​မျိုး​အ​ပေါင်း​တို့​သည် လူ​အ​လုံး​အ​ရင်း​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ရ​ကြ၏။#တော၊ ၁၄:၂၈-၃၅။ 15ထို​သူ​တို့ မ​ကွယ်​မ​ပျောက်​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​လုံး​အ​ရင်း​ထဲ​က​ပယ်​ရှား​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၏။
16စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လူ​စု​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ပြီး​မှ၊ 17-18ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​မော​ဘ​ပြည်၊ အာ​ရ​နယ်​အ​လယ်၌ ယ​နေ့​လျှောက်​သွား​ရ​မည်။ 19အ​မ္မုန်​အ​မျိုး​သား​တို့​အ​နီး​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​မ​နှောင့်​ယှက်​နှင့်၊ အ​လျှင်း​မ​ပြု​နှင့်။ အ​မ္မုန်​အ​မျိုး​သား​နေ​သော​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး၊ ထို​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။#က၊ ၁၉:၃၈။ 20ထို​ပြည်​ကို​လည်း၊ အ​လွန်​ကြီး​မား​သော သူ​တို့၏​နေ​ရာ​ဖြစ်​သည်​ဟု လူ​များ​ထင်​မှတ်​ကြ၏။ ရှေး​ကာ​လ၌ ထို​သို့​သော​လူ​တို့​သည် နေ​ကြ၏။ သူ​တို့​ကို အ​မ္မုန်​ပြည်​သား​တို့​သည် ဇံ​ဇု​မ္မိမ်​ဟူ၍ ခေါ်​ကြ၏။ 21-22ထို​လူ​မျိုး​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ ကြီး​မြင့်​များ​ပြား​သော​လူ ဖြစ်​ကြ၏။ သို့​သော်​လည်း စိ​ရ​ပြည်၌​နေ​သော ဧ​သော​အ​မျိုး​သား​ရှေ့​မှာ ဟော​ရိ​လူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ၌ ဧ​သော​အ​မျိုး​သား​တို့​သည် ယ​နေ့​တိုင်​အောင်​နေ​ကြ​သ​ကဲ့​သို့၊ အ​မ္မုန်​အ​မျိုး​သား​တို့​ရှေ့​မှာ ဇံ​ဇု​မ္မိမ်​လူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြ​င့်၊ သူ​တို့​နေ​ရာ၌ အ​မ္မုန်​အ​မျိုး​သား​တို့​သည် နေ​ကြ၏။ 23ထို​အ​တူ၊ ဟာ​ဇ​ရိမ်​မြို့​မှ​စ၍ အ​ဇ္ဇာ​မြို့​တိုင်​အောင်​နေ​ဖူး​သော အာ​ဝိမ်​လူ​တို့​ကို၊ က​တ္တော​ရ​မြို့​မှ​ထွက်​သော က​တ္တော​ရိမ်​လူ​တို့​သည် ဖျက်​ဆီး၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။ 24သင်​တို့​သည် ထ၍​ခ​ရီး​သွား​သ​ဖြင့် အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ အာ​မော​ရိ​အ​မျိုး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် သူ၏​မြေ​ကို သင်​တို့​လက်၌ ငါ​အပ်​သော​ကြောင့်၊ ထို​မြေ​ကို​သိမ်း​စ​ပြု၍ ထို​မင်း​ကို​စစ်​တိုက်​ကြ​လော့။ 25မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ယ​နေ့​သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​စ​ရှိ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သင်​တို့၏​သ​တင်း​ကို​ကြား၍ တုန်​လှုပ်​ခြင်း၊ စိုး​ရိမ်​ကြောင့်​ကြ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ရှိ​ဟုန်​မင်းကို​အောင်​ခြင်း
(တော၊ ၂၁:၂၁-၃၀)
26ငါ​သည်​လည်း၊ ကေ​ဒ​မုတ်​တော​မှ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊ 27မင်း​ကြီး၏​ပြည်​အ​လယ်၌ ကျွန်ုပ်​လျှောက်​သွား​ပါ​ရ​စေ။ မင်း​လမ်း​သို့​သာ လိုက်​ပါ​မည်။ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ​ပါ။ 28-29စိ​ရ​ပြည်၌​နေ​သော​ဧ​သော​အ​မျိုး​သား၊ အာ​ရ​ပြည်၌​နေ​သော မော​ဘ​အ​မျိုး​သား​တို့​သည် ကျွန်ုပ်၌​ပြု​သ​ကဲ့​သို့ ကျွန်ုပ်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း၊ မင်း​ကြီး​သည် ငွေ​နှင့်​ရောင်း​ပါ​လော့။ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ မ​ရောက်​မီ​တိုင်​အောင် မင်း​ကြီး​ပြည်​အ​လယ်၌ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု မိတ်​သ​ဟာ​ယ​စ​ကား​နှင့် ပြော​ဆို​သော်​လည်း၊ 30ကျွန်ုပ်​တို့​လျှောက်​သွား​ရ​သော​အ​ခွင့်​ကို ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​သည် မ​ပေး။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ထင်​ရှား​သည်​အ​တိုင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို သင်​တို့​လက်၌​အပ်​ခြင်း​ငှာ၊ ခက်​ထန်​သော စိတ်​သ​ဘော၊ ခိုင်​မာ​သော​နှ​လုံး​ကို သူ၌​ပေး​သွင်း​တော်​မူ၏။ 31ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ရှိ​ဟုန်​မင်း​နှင့် သူ၏​မြေ​ကို သင့်​အား​ငါ​ပေး​စ​ပြု၏။ ထို​မြေ​ကို​အ​မွေ​ခံ​အံ့​သော​ငှာ၊ သိမ်း​စ​ပြု​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 32ထို​အ​ခါ ရှိ​ဟုန်​မင်း​သည် သူ၏​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ယာ​ဟတ်​မြို့​မှာ ငါ​တို့​ကို​တိုက်​ခြင်း​ငှာ ထွက်​လာ၏။ 33ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို ငါ​တို့၌​အပ်​တော်​မူ​သ​ဖြင့် သူ​မှ​စ၍​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို ငါ​တို့​သည်​လုပ်​ကြံ​ကြ၏။ 34ထို​အ​ခါ သူ၏​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်​ယူ၍၊ ယောက်ျား​မိန်း​မ သူ​ငယ်​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ 35တိ​ရ​စ္ဆာန်​များ၊ မြို့​ရွာ၌​လက်​ရ​ဥ​စ္စာ​များ​ကို​သာ ကိုယ်​ဖို့​သိမ်း​ယူ​ကြ၏။ 36အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​တိုင်​အောင်၊ မြစ်​နား၌ ရှိ​သ​မျှ​သော​မြို့​တို့​တွင် ငါ​တို့​မ​အောင်​နိုင်​သော​မြို့ တစ်​မြို့​မျှ​မ​ရှိ။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​စုံ​တို့​ကို ငါ​တို့၌​အပ်​တော်​မူ၏။ 37သို့​ရာ​တွင် အ​မ္မုန်​အ​မျိုး​သား​နေ​သော​မြေ၊ ယ​ဗ္ဗုတ်​မြစ်​နှင့်​ဆိုင်​သော​မြေ၊ တောင်​ရိုး​မြို့​အ​စ​ရှိ​သော၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ချဉ်း​ရ​ကြ။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ