YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 25

25
1လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။ 2ဆိုး​သော​သူ​သည် အ​ရိုက်​ခံ​ထိုက်​လျှင်၊ တ​ရား​သူ​ကြီး​သည် ကိုယ်​မျက်​မှောက်၌ သူ့​ကို​ချ၍၊ အ​ပြစ်​နှင့်​အ​လျောက် ညီ​မျှ​သော​ဒဏ်​ချက်​ဖြင့် ရိုက်​စေ​ရ​မည်။ 3သို့​သော်​လည်း ဒဏ်​ချက်​လေး​ဆယ်​ထက် မ​လွန်​စေ​ရ။ လွန်၍ များ​စွာ​သော ဒဏ်​ချက်​ဖြင့်​ရိုက်​လျှင်၊ သင်၏​အ​မျိုး​သား​ချင်း​သည် ယုတ်​ညံ့​သော​သူ ဖြစ်​ဟန်​ရှိ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။#၂​ကော၊ ၁၁:၂၄။ 4စ​ပါး​နင်း​နယ်​သော နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ။#၁​ကော၊ ၉:၉။ ၁​တိ၊ ၅:၁၈။
5အ​တူ​နေ​သော ညီ​အစ်​ကို​တို့​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သေ​သော​သူ၏​မ​ယား​သည် အ​ခြား​တစ်​ပါး​သော​လူ​စိမ်း​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သူ၏​လင်​ညီ​သည် သူ့​ကို​သိမ်း​ယူ​ဆက်​ဆံ၍ မ​ရီး၌ ပြု​အပ်​သော​ဝတ်​ကို​ပြု​ရ​မည်။#မ၊ ၂၂:၂၄။ မာ၊ ၁၂:၁၉။ လု၊ ၂၀:၂၈။ 6ဣ​သ​ရေ​လ​အ​မျိုး၌ အစ်​ကို​အ​မည်​ကို မ​ပျောက်​စေ​ခြင်း​ငှာ၊ အ​ဦး​ဖွား​သော​သား​သည် သေ​သော​ဘ​ကြီး၏ အ​ရိုက်​အ​ရာ​ကို ခံ​ရ​မည်။ 7ညီ​သည် အစ်​ကို​မ​ယား​ကို မ​ယူ​လို​လျှင်၊ မိန်း​မ​သည် အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​သွား၍၊ ကျွန်​မ၏​လင်​ညီ​သည် အစ်​ကို​အ​မည်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ မ​တည်​စေ​လို​ပါ။ သူ​ပြု​အပ်​သော​ဝတ်​ကို မ​ပြု​လို​ပါ​ဟု လျှောက်​လျှင်၊#ရု၊ ၄:၇-၈။ 8မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထို​သူ​ကို​ခေါ်၍ မေး​မြန်း​ရ​ကြ​မည်။ သူ​က​လည်း၊ ထို​မိန်း​မ​ကို အ​ကျွန်ုပ်​မ​ယူ​လို​ပါ​ဟု​ဆို၍ ခိုင်​မာ​စွာ​နေ​လျှင်၊ 9သူ၏​မ​ရီး​သည် အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ သူ့​အ​ပါး​သို့​ချဉ်း၍ သူ၏​ခြေ​နင်း​ကို ချွတ်​လျက်၊ သူ၏​မျက်​နှာ၌ တံ​တွေး​ထွေး​လျက်၊ မိ​မိ​အစ်​ကို​အိမ်​ကို မ​ဆောက်​လို​သော​သူ၌ ဤ​သို့​ပြု​သင့်​သည်​ဟု သူ့​အား​ပြန်​ပြော​ရ​မည်။ 10နောက်​မှ၊ ထို​သူ​ကို ခြေ​နင်း​ချွတ်​ရ​သော​အ​မျိုး​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး၌ ခေါ်​ဝေါ်​သ​မုတ်​ရ​မည်။
11လူ​ချင်း​ခိုက်​ရန်​ပြု​ကြ​စဉ်​တွင်၊ တစ်​ယောက်​သော သူ၏​မ​ယား​သည် အ​ပါး​သို့​ချဉ်း၍ မိ​မိ​လင်​ကို ကူ​ညီ​လို​သော​ငှာ ခိုက်​ရန်​ပြု​သော​သူ၏ ယောက်ျား​တန်​ဆာ​ကို ကိုင်​ဆွဲ​မိ​လျှင်၊ 12ထို​မိန်း​မ​လက်​ကို ဖြတ်​ရ​မည်။ သင်၏​မျက်​စိ​သည် သူ့​ကို​မ​သ​နား​ရ။ 13သင့်​အိတ်၌ ကြီး​သော​အ​လေး၊ ငယ်​သော​အ​လေး​တည်း​ဟူ​သော ခြား​နား​သော​အ​လေး​ကို မ​ရှိ​စေ​ရ။#ဝတ်၊ ၁၉:၃၅-၃၆။ 14သင့်​အိမ်၌ ခြား​နား​သော​ခြင်​စ​ရာ တန်​ဆာ​အ​ကြီး​အ​ငယ်​ကို မ​ရှိ​စေ​ရ။ 15သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ မှန်​ကန်​သော​အ​လေး၊ မှန်​ကန်​သော​ခြင်​စ​ရာ၊ တန်​ဆာ​များ​ကို​သာ သုံး​ရ​မည်။ 16အ​ထက်​ဆို​ခဲ့​ပြီး​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့​နှင့် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။
17သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ခ​ရီး​သွား​သော​အ​ခါ၊#ထွ၊ ၁၇:၈-၁၄။ ၁​ရာ၊ ၁၅:၂-၉။ 18သင်​သည် အား​ကုန်၍ မော​လျက်​နေ​စဉ်​တွင်၊ သင့်​နောက်၌ လိုက်​သော​သူ၊ အား​နည်း​သော​သူ​တို့​ကို အာ​မ​လက် အ​မျိုး​သား​တို့​သည် လမ်း၌​ဆီး​ကြို၍ လုပ်​ကြံ​ကြောင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​လော့။ 19သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ပတ်​လည်၌​နေ​သော ရန်​သူ​အ​ပေါင်း​တို့၏​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အာ​မ​လက်​အ​မျိုး​ကို အောက်​မေ့​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​အောက်၌ သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ ထို​အ​မှု​ကို မ​မေ့​မ​လျော့​ရ။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ