YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 24

24
ပြတ်​စဲ​ခြင်း​နှ​င့်​အိမ်​ထောင်​သစ်​ပြု​ခြင်း
1တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မ​ယား​နှင့်​ထိမ်း​မြား၍ ဆက်​ဆံ​ပြီး​မှ တစ်​ဖန် အ​ပြစ်​တင်​စ​ရာ အ​ကြောင်း​ရှိ​သော​ကြောင့် စိတ်​မ​တွေ့​လျှင်၊ ဖြတ်​စာ​ကို​ရေး၍ သူ၌​အပ်​ပေး​သ​ဖြင့် လွှတ်​လိုက်​ရ​မည်။#မ၊ ၅:၃၁၊ ၁၉:၇၊ မာ၊ ၁၀:၄။ 2ထို​မိန်း​မ​သည် လင်​အိမ်​မှ​ထွက်​သွား​သော​နောက်၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​ရ​သော​အ​ခွင့်​ရှိ၏။ 3နောက်​နေ​သော​လင်​သည်​လည်း သူ့​ကို​မုန်း​လျှင်၊ ဖြတ်​စာ​ကို​ရေး၍ သူ၌​အပ်​သ​ဖြင့် လွှတ်​လိုက်​သည် ဖြစ်​စေ၊ ထို​လင်​သေ​သည်​ဖြစ်​စေ၊ 4အ​ရင်​လွှတ်​လိုက်​သော​လင်​ဟောင်း​သည် ညစ်​ညူး​ခြင်း​ရှိ​သော ထို​မိန်း​မ​ကို နောက်​တစ်​ဖန်​မ​သိမ်း​ရ။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စက်​ဆုပ်​ဖွယ်​သော​အ​မှု ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​ပြစ်​မ​ရောက်​စေ​ရ။
အ​ထွေ​ထွေ​ပ​ညတ်​များ
5အိမ်​ထောင်​ဖက်​ပြု​စ​ရှိ​သော​သူ​သည် စစ်​တိုက်​မ​သွား​ရ။ မင်း​အ​မှု​ကို မ​ဆောင်​ရ။ တစ်​နှစ်​ပတ်​လုံး ကိုယ်​အိမ်၌​အ​လွတ်​နေ၍ မ​ယား​ကို ကျွေး​မွေး​ပြု​စု​ရ​မည်။
6ကြိတ်​ဆုံ​အ​ပေါ် ကျောက်​ပြား​ကို​ဖြစ်​စေ၊ အောက်​ကျောက်​ပြား​ကို ဖြစ်​စေ၊ အ​ဘယ်​သူ​မျှ အ​ပေါင်​မ​ယူ​ရ။ ထို​သို့​ယူ​လျှင်၊ သူ့​အ​သက်​ကို အ​ပေါင်​ယူ​သည်​နှင့်​တူ၏။ 7လူ​သည် မိ​မိ​အ​မျိုး​သား​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ခိုး၍ ကျွန်​အ​ရာ၌ ထား​သည်​ဖြစ်​စေ၊ ရောင်း​သည်​ဖြစ်​စေ၊ ထို​သူ​ခိုး​ကို​တွေ့​မိ​လျှင် အ​သေ​သတ်​ရ​မည်။ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ထို​သို့​ပယ်​ရှား​ရ​ကြ​မည်။#ထွ၊ ၂၁:၁၆။
8နူ​နာ​ဘေး​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​တို့ သွန်​သင်​သ​မျှ​အ​တိုင်း သ​တိ​ပြု၍ စေ့​စေ့​စောင့်​ရှောက်​လော့။ သူ​တို့​ကို ငါ​မှာ​ထား​သည်​အ​တိုင်း ကျင့်​စောင့်​ကြ​လော့။#ဝတ်၊ ၁၃:၁—၁၄:၅၄။ 9သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ခ​ရီး​သွား​ကြ​စဉ်​တွင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​ရိ​အံ၌ ပြု​တော်​မူ​သော​အ​မှု​ကို အောက်​မေ့​ကြ​လော့။#တော၊ ၁၂:၁၀။
10သင်​သည် အ​မျိုး​သား​ချင်း၌ တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​လျှင်၊ အ​ပေါင်​ထား​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ သူ့​အိမ်​ထဲ​သို့ မ​ဝင်​ရ။#ထွ၊ ၂၂:၂၆-၂၇။ 11သင်​သည် အိမ်​ပြင်​မှာ​ရပ်​နေ၍၊ ထို​သူ​သည် အ​ပေါင်​ထား​သော​ဥ​စ္စာ​ကို သင့်​ရှိ​ရာ​အိမ်​ပြင်​သို့ ဆောင်​ခဲ့​ရ​မည်။ 12ထို​သူ​သည် ဆင်း​ရဲ​လျှင်၊ ပေါင်၍​ထား​သော​ဥ​စ္စာ​ကို ပြန်​မ​အပ်​ဘဲ ည​ကို​မ​လွန်​စေ​ရ။ 13သူ​သည် မိ​မိ​အ​ဝတ်​ကို​ဝတ်​ခြုံ​လျက် အိပ်​ပျော်၍ သင့်​ကို​ကောင်း​ချီး​ပေး​မည် အ​ကြောင်း၊ သူ​ပေါင်၍​ထား​သော ဥ​စ္စာ​ကို နေ​ဝင်​လျှင် ဆက်​ဆက်​ပြန်​အပ်​ရ​မည်။ ထို​သို့​ပြု​သော​အ​မှု​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​မှု ဖြစ်​လိမ့်​မည်။ 14အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင့်​နေ​ရာ​မြို့​ရွာ​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ငှား​ကို မ​ညှဉ်း​ဆဲ​ရ။#ဝတ်၊ ၁၉:၁၃။ 15နေ့​စဉ်​မ​ပြတ် သူ့​အ​ခ​ကို ပေး​ရ​မည်။ မ​ပေး​ဘဲ နေ​မ​ဝင်​စေ​နှင့်။ သူ​သည် ဆင်း​ရဲ​သော​ကြောင့် ရ​ထိုက်​သော​အ​ခ​ကို​လည်း စိတ်​စွဲ​လမ်း​လျက် ရှိ​လိမ့်​မည်။ မ​ပေး​ဘဲ​နေ​လျှင် သူ​သည် သင့်​ကို​အ​ပြစ်​တင်၍ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သ​ဖြင့် သင်၌​အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။
16အ​ဘ​သည် သား၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ သား​သည် အ​ဘ၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း အ​သေ​မ​ခံ​ရ။ လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့်​သာ အ​သေ​ခံ​ရ​မည်။#၄ ရာ၊ ၁၄:၆၊ ၆ ရာ၊ ၂၅:၄၊ ယေဇ၊ ၁၈:၂၀။ 17တ​ရား​ရှာ​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား​နှင့် မိ​ဘ​မ​ရှိ​သော​သူ​ကို အ​ရှုံး​မ​ပေး​ရ။ မု​ဆိုး​မ​အ​ဝတ်​ကို အ​ပေါင်​မ​ယူ​ရ။#ထွ၊ ၂၃:၉၊ ဝတ်၊ ၁၉:၃၃-၃၄၊ တရား၊ ၂၇:၁၉။ 18သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ထို​ပြည်​မှ ရွေး​နုတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ငါ​ထား၏။
19သင်​သည် ကိုယ်​လယ်၌ အ​သီး​အ​နှံ​ကို ရိတ်​သော​အ​ခါ၊ မေ့​လျော့​သော​ကောက်​လှိုင်း​ကို ပြန်၍​မ​ယူ​ရ။ သင်​ပြု​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ ထို​ကောက်​လှိုင်း​ကို တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ထား​ရ​မည်။#ဝတ်၊ ၁၉:၉-၁၀၊ ၂၃:၂၂။ 20သင်၏​သံ​လွင်​သီး​ကို ရိုက်​ချွေ​သော​အ​ခါ၊ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍ မ​ရိုက်​ချွေ​ရ။ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ထား​ရ​မည်။ 21သင်၏​စ​ပျစ်​ဥ​ယျာဉ်၌ စ​ပျစ်​သီး​ကို ဆွတ်​ယူ​သော​အ​ခါ ပြန်၍ ကောက်​သိမ်း​ခြင်း​ကို မ​ပြု​ရ။ ကျန်​ကြွင်း​သော​အ​သီး​သည် တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ဖြစ်​ရ​မည်။ 22သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ငါ​ထား၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ