YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 21

21
လက်​သည်​မ​ပေါ်​သော​လူ​သတ်​မှု
1သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​တွင်၊ လွတ်​လပ်​သော​အ​ရပ်၌ လူ​အ​သေ​ကောင်​ရှိ​သည်​ကို​တွေ့၍၊ အ​ဘယ်​သူ​သတ်​သည်​ကို မ​သိ​လျှင်၊ 2သင်၌ အ​သက်​ကြီး​သူ၊ တ​ရား​သူ​ကြီး​တို့​သည် ထွက်၍၊ ပတ်​ဝန်း​ကျင်​မြို့​ရွာ​များ​တိုင်​အောင် တိုင်း​ထွာ​ရ​ကြ​မည်။ 3အ​သေ​ကောင်​နှင့် အ​နီး​ဆုံး​သော​မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထမ်း​ပိုး​တင်​ခြင်း၊ စေ​ခိုင်း​ခြင်း​ကို မ​ပြု​ဖူး​သေး​သော နွား​သ​ငယ်​ကို​ယူ၍၊ 4လယ်​မ​လုပ် မျိုး​စေ့​မ​ကြဲ​နိုင်​အောင် ရေ​မ​ပြတ်​သော​ချောင်း​သို့ ဆောင်​သွား၍၊ ထို​ချောင်း၌ နွား​လည်​ပင်း​ကို ဖြတ်​ပြီး​မှ၊ 5သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ချဉ်း၍ တ​ရား​တွေ့​ခြင်း​အ​မှု၊ ရိုက်​ပုတ်​ခြင်း​အ​မှု ရှိ​သ​မျှ​တို့​ကို စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ 6အ​သေ​ကောင်​နှင့် အ​နီး​ဆုံး​သော​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ ထို​ချောင်း၌ လည်​ပင်း​ဖြတ်​ပြီး​သော နွား​မ​အ​ပေါ်​မှာ မိ​မိ​တို့​လက်​ကို​ဆေး​လျက်၊ 7ငါ​တို့​လက်​သည် ဤ​အ​သွေး​ကို မ​သွန်း၊ ငါ​တို့​မျက်​စိ​သည် မ​မြင်။ 8အို​ထာ​ဝ​ရ​ဘု​ရား၊ ရွေး​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို သ​နား​တော်​မူ​ပါ။ မ​သေ​ထိုက်​သော​သူ​ကို သတ်​သော​အ​ပြစ်​သည် ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု မြွက်​ဆို​ရ​ကြ​မည်။ သို့​ပြု​လျှင် အ​သက်​ကို​သတ်​သော အ​ပြစ်​လွတ်​လိမ့်​မည်။ 9ထို​သို့ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ခါ၊ မ​သေ​ထိုက်​သော​သူ၏ အ​သွေး​ကို ပယ်​ရှင်း​ရ​လိမ့်​မည်။
အ​မျိုး​သ​မီး​စစ်​သုံ့​ပန်း​များ
10သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​သွား၍ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​သည် ဖမ်း​ယူ​သော​အ​ခါ၊ 11ဖမ်း​ယူ​သော​သူ​တို့​တွင် အ​ဆင်း​လှ​သော​မိန်း​မ​ကို မြင်၍ စုံ​ဖက်​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊ 12သင့်​အိမ်​သို့ သူ့​ကို​ခေါ်​သွား၍၊ သူ​သည် ဦး​ဆံ​ရိတ်​ခြင်း၊ လက်​သည်း​လှီး​ဖြတ်​ခြင်း​ကို​ပြု​လျက်၊ 13ဖမ်း​ယူ​ရာ​အ​ဝတ်​ကို ချွတ်​ပယ်၍ တစ်​လ​ပတ်​လုံး မိ​ဘ​တို့​ကို မြည်​တမ်း​လျက် သင့်​အိမ်၌​နေ​ပြီး​သော​နောက်၊ သင်​သည် သူ​နှင့်​စုံ​ဖက်၍ သူ​သည် သင်၏​မ​ယား​ဖြစ်​မည်။ 14နောက်​တစ်​ဖန် သူ့​ကို​မ​ချစ်​လျှင်၊ သူ့​အ​လို​အ​လျောက် သွား​သော​အ​ခွင့်​ကို ပေး​ရ​မည်။ သူ့​ကို​ရှုတ်​ချ​သော​ကြောင့် ငွေ​နှင့်​မ​ရောင်း​ရ၊ ကျွန်​အ​ရာ၌ မ​ထား​ရ။
သား​ဦး​အ​မွေ
15လင်​ချစ်​သော မ​ယား၊ မုန်း​သော မ​ယား​နှစ်​ယောက်​တို့​သည် သား​ကို​ဖွား၍၊ အ​ဦး​ဖွား​သော​သား​သည် မုန်း​သော​မ​ယား၏​သား​ဖြစ်​လျှင်၊ 16ထို​သူ​သည် မိ​မိ​အ​မွေ​ဥ​စ္စာ​ကို ဝေ​သော​အ​ခါ၊ မုန်း​သော​မ​ယား၏​သား​ဦး​ကို နှိမ့်​ချ၍ ချစ်​သော​မ​ယား၏​သား​ကို သား​ဦး​အ​ရာ၌ မ​ချီး​မြှောက်​ရ။ 17မုန်း​သော​မ​ယား၏​သား​သည် သား​ဦး​ဖြစ်​သည်​ဟု ဝန်​ခံ၍၊ နှစ်​ဆ​သော အ​မွေ​ဥ​စ္စာ​ကို သူ့​အား​ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သား​သည်​အ​ဘ၏ ခွန်​အား​အ​စ​ဦး​ဖြစ်၏။ သား​ဦး​အ​ရိုက်​အ​ရာ​နှင့် ဆိုင်​ပေ၏။
ပုန်​ကန်​သော​သား
18အ​ဘ၌ ဆိုး​သော​သား၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သား၊ မိ​ဘ​တို့​ဆုံး​မ​သော်​လည်း ဆုံး​မ​ခြင်း​ကို မ​ခံ​သော​သား​ရှိ​လျှင်၊ 19မိ​ဘ​တို့​သည် ထို​သား​ကို ဆွဲ​ကိုင်၍၊ မြို့၌ အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ 20အ​ကျွန်ုပ်​တို့​သား​သည် ဆိုး​သော​သူ၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ အ​ကျွန်ုပ်​တို့​စ​ကား​ကို နား​မ​ထောင်​သော​သူ​ဖြစ်​ပါ၏။ စား​ကြူး​သော​သူ၊ သောက်​ကြူး​သော​သူ​ဖြစ်​ပါ၏​ဟု မြို့၌ အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​ရ​မည်။ 21မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။
အ​ထွေ​ထွေ​ပ​ညတ်​များ
22သေ​ထိုက်​သော အ​ပြစ်​ရှိ​သော​သူ​ကို သစ်​တိုင်၌ ဆွဲ၍​သတ်​လျှင်၊ 23အ​သေ​ကောင်​ကို သစ်​တိုင်၌ တစ်​ည​လုံး​မ​ထား​ရ။ ထို​နေ့​ချင်း​တွင် မြေ၌​ဆက်​ဆက်​မြှုပ်​ရ​မည်။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း​ကို ခံ​ရ​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သည် မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း ထို​သို့​ပြု​ရ​မည်။#ဂ​လ၊ ၃:၁၃။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ