YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 20

20
စစ်​မှု​ဆိုင်​ရာ​ပ​ညတ်
1သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ​သွား​သော​အ​ခါ၊ ကိုယ်​ထက်​သာ၍​များ​သော​မြင်း၊ ရ​ထား၊ လူ​တို့​ကို​မြင်​သော်​လည်း မ​ကြောက်​နှင့်။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​ရှိ​တော်​မူ၏။ 2စစ်​တိုက်​ချိန်​နီး​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ချဉ်း၍၊ 3အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​သည် စစ်​တိုက်​ခြင်း​ငှာ ရန်​သူ​တို့​ကို​ချဉ်း​ကြ​ပြီ။ သူ​တို့​ကြောင့် စိတ်​ပျက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ တုန်​လှုပ်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။ 4အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို​စစ်​တိုက်၍ သင်​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ သင်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​သည်​ဟု လူ​တို့​အား​ပြော​ဆို​ရ​ကြ​မည်။ 5ဗိုလ်​တို့​က​လည်း၊ အိမ်​သစ်​ကို​ဆောက်၍ ဘု​ရား​သ​ခင်၌ မ​အပ်​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့​ပြန်၍ အပ်​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​အိမ်​ကို​အပ်​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 6စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်၍ စ​ပျစ်​သီး​ကို မ​စား​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​စ​ပျစ်​သီး​ကို စား​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 7မိန်း​မ​နှင့် လက်​ထပ်၍ မ​သိမ်း​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​မိန်း​မ​ကို​သိမ်း​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု လူ​များ​တို့​အား ပြော​ရ​ကြ​မည်။ 8တစ်​ဖန်​လည်း၊ ဗိုလ်​တို့​က ကြောက်​တတ်​သော သ​ဘော​ရှိ၍ စိတ်​ပျက်​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ်​လျှင် ထို​သူ​စိတ်​ပျက်​သ​ကဲ့​သို့ သူ၏​အ​ဖော်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု လူ​များ​တို့​အား ပြော​ရ​ကြ​မည်။ 9ဗိုလ်​တို့​သည် လူ​များ​တို့​အား ထို​သို့​ပြော​ပြီး​မှ တပ်​မှူး​တို့​သည် လူ​များ​ကို စစ်​ချီ​စေ​ရ​ကြ​မည်။
10သင်​သည် မြို့​တစ်​စုံ​တစ်​မြို့​ကို တိုက်​ခြင်း​ငှာ ချဉ်း​သော​အ​ခါ၊ စစ်​ငြိမ်း​မည်​အ​ကြောင်း​ကို ဟစ်​ကြော်​ရ​မည်။ 11ထို​မြို့​သည် စစ်​ငြိမ်း​ရာ​စ​ကား​ပြေ​ကို ပြန်​ပြော၍ မြို့​တံ​ခါး​ကို ဖွင့်​ထား​လျှင်၊ ထို​မြို့၌​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သင့်​အား​အ​ခွန်​ပေး၍ သင့်​အ​မှု​ကို​ထမ်း​ရ​ကြ​မည်။ 12သို့​မ​ဟုတ် စ​ကား​ပြေ​မ​ပြော​ဘဲ သင့်​ကို​စစ်​တိုက်​လျှင်၊ ထို​မြို့​ကို​ဝိုင်း​ထား၍၊ 13သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ ယောက်ျား​ရှိ​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ရ​မည်။ 14မိန်း​မ၊ သူ​ငယ်၊ တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော မြို့၌​တွေ့​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို ကိုယ်​ဖို့​သိမ်း၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော သင်၏​ရန်​သူ​လက်​မှ​ရ​သော ဥ​စ္စာ​ကို​စား​ရ​မည်။ 15ဤ​လူ​မျိုး​နေ​သော မြို့​မှ​တစ်​ပါး သင်​နှင့်​ဝေး​သော မြို့​ရှိ​သ​မျှ​တို့​အား ထို​သို့​ပြု​ရ​မည်။ 16သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့၊ ဤ​လူ​မျိုး​နေ​ရာ​မြို့​တို့၌ အ​သက်​ရှူ​သော လူ​သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​မ​ရှင်​စေ​ရ။ 17-18ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ၌​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို သင့်​အား​သွန်​သင်၍၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။ 19သင်​သည် မြို့​တစ်​စုံ​တစ်​မြို့​ကို တိုက်​ယူ​ခြင်း​ငှာ ကြာ​မြင့်​စွာ​ဝိုင်း​ထား​လျှင်၊ သစ်​ပင်​များ​ကို မ​ခုတ်​မ​ဖြတ်​ရ။ မြေ၌​ပေါက်​သော အ​ပင်​တို့​သည် လူ​အ​သက်​မွေး​ဖို့​ရာ ဖြစ်​သော​ကြောင့် အ​သီး​ကို​သာ​စား​ရ​မည်။ မြို့​ကို​ဝိုင်း​ထား​ရာ အ​မှု​ကို​ဆောင်၍ အ​ပင်​ကို​မ​လှဲ​ရ။ 20သို့​ရာ​တွင် မ​စား​ရ​သော​သစ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သင်​နှင့်​စစ်​တိုက်​သော​မြို့​ကို မ​အောင်​မီ​တိုင်​အောင်၊ စစ်​တိုက်​ရာ​တန်​ဆာ​တို့​ကို ဆောက်​လုပ်​ရ​သော​အ​ခွင့်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ