YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9:11-15

အာမုတ် 9:11-15 JBMLE

ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊ လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ထို​ကာ​လ၌ ငါ​ဆောက်​တည်​ပြန်​မည်။ အက်​ကွဲ​ရာ​များ​ကို စေ့​စပ်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို ရှေး​ကာ​လ၌​ရှိ​သ​ကဲ့​သို့ မတ်​စေ​ပြန်​မည်​ဟု၊ ဤ​အ​မှု​အ​ရာ​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လယ်​ထွန်​သော​သူ​သည် စ​ပါး​ရိတ်​သော သူ​ကို​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​သော​သူ​သည် မျိုး​စေ့​ကြဲ​သော သူ​ကို​လည်း​ကောင်း​မီ​လျက်၊ တောင်​တို့​မှ ချို​သော​စ​ပျစ်​ရည်​ယို၍၊ ကုန်း​ရှိ​သ​မျှ​တို့​လည်း အ​ရည်​ဖြစ်​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် ပျက်​စီး​သော​မြို့​များ​ကို ပြု​ပြင်၍ နေ​ကြ​လိမ့်​မည်။ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်၍ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်။ လယ်​ယာ​များ​ကို ပြု​စု၍ အ​သီး​တို့​ကို စား​ကြ​လိမ့်​မည်။ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​စိုက်​ထား​မည်။ ငါ​ပေး​သော​ပြည်​မှ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​နုတ်​ရ​ဟု၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။