YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9:11-15

အာမုတ် 9:11-15 Judson Bible (JBMLE)

ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊ လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ထို​ကာ​လ၌ ငါ​ဆောက်​တည်​ပြန်​မည်။ အက်​ကွဲ​ရာ​များ​ကို စေ့​စပ်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို ရှေး​ကာ​လ၌​ရှိ​သ​ကဲ့​သို့ မတ်​စေ​ပြန်​မည်​ဟု၊ ဤ​အ​မှု​အ​ရာ​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လယ်​ထွန်​သော​သူ​သည် စ​ပါး​ရိတ်​သော သူ​ကို​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​သော​သူ​သည် မျိုး​စေ့​ကြဲ​သော သူ​ကို​လည်း​ကောင်း​မီ​လျက်၊ တောင်​တို့​မှ ချို​သော​စ​ပျစ်​ရည်​ယို၍၊ ကုန်း​ရှိ​သ​မျှ​တို့​လည်း အ​ရည်​ဖြစ်​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် ပျက်​စီး​သော​မြို့​များ​ကို ပြု​ပြင်၍ နေ​ကြ​လိမ့်​မည်။ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်၍ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်။ လယ်​ယာ​များ​ကို ပြု​စု၍ အ​သီး​တို့​ကို စား​ကြ​လိမ့်​မည်။ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​စိုက်​ထား​မည်။ ငါ​ပေး​သော​ပြည်​မှ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​နုတ်​ရ​ဟု၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

အာမုတ် 9:11-15 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။- သို့​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျန်​ကြွင်း​သ​မျှ​သော​ဧ​ဒုံ​ပြည်​ကို​လည်း ကောင်း၊ တစ်​ချိန်​က​ငါ​ပိုင်​စိုး​ခဲ့​သော​နိုင်​ငံ တိုင်း​ကို​လည်း​ကောင်း​ပြန်​လည်​သိမ်း​ပိုက်​ခွင့် ရ​လိမ့်​မည်'' ဟု​ဤ​အ​မှု​ကို​ဖြစ်​စေ​မည့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က ``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့် စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။ တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။ ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။ သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။ စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ငါ​ပေး​ခဲ့​သော နေ​ရင်း​ပြည်​၌​ပင်​နေ​ထိုင်​စေ​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​နောက်​တစ်​ဖန် ဆွဲ​နုတ်​ခြင်း​မ​ခံ​စေ​ရ'' ဟု သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​သား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

အာမုတ် 9:11-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​၌ ပြိုလဲ​ခဲ့​သည့်​ဒါဝိဒ်​၏​တဲ​ကို ပြန်လည်​ထူထောင်​မည်​။ ပေါက်ပြဲ​ရာ​များ​ကို ပြန်လည်​ဖာထေး​မည်​။ ပျက်စီး​ရာ​များ​ကို ပြန်လည်​ပြုပြင်​မည်​။ ရှေး​ကာလ​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။ ဤသို့ဖြင့် သူ​တို့​သည် ကြွင်းကျန်​သည့်​ဧဒုံ​ပြည်​နှင့် ငါ့​နာမ​ဖြင့် ခေါ်ဝေါ်သမုတ်​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​ကို ပိုင်ဆိုင်​ရ​လိမ့်မည်”​ဟု ဤ​အမှု​ကို စီရင်​တော်မူ​သည့်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ထွန်ယက်​သော​သူ​သည် ရိတ်သိမ်း​သော​သူ​ကို​လည်းကောင်း​၊ စပျစ်သီး​နင်းနယ်​သော​သူ​သည် မျိုးစေ့​ကြဲ​သော​သူ​ကို​လည်းကောင်း ကျော်လွန်​သွား​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်​။ တောင်​များ​ပေါ်တွင် စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​ရှိသမျှ​ကို ဖုံးလွှမ်း​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ “ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့် ငါ့​လူမျိုး​တော်​အစ္စရေး​အမျိုးသား​တို့​ကို ငါ​ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​သော​မြို့​များ​ကို ပြန်လည်​တည်ဆောက်​၍ နေထိုင်​ကြ​လိမ့်မည်​။ စပျစ်ပင်​များ​ကို စိုက်​၍ စပျစ်ဝိုင်​ကို သောက်​ရ​လိမ့်မည်​။ ဥယျာဉ်ခြံ​များ​ကို စိုက်ပျိုး​၍ အသီးအနှံ​တို့​ကို စား​ရ​လိမ့်မည်​။ သူ​တို့​ကို နေရင်းပြည်​၌ စိုက်ထား​မည်​။ ငါ​ပေး​သော​ပြည်​မှ သူ​တို့ ဆွဲနုတ်​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်”​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။