YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9:1-10

အာမုတ် 9:1-10 JBMLE

တစ်​ဖန် ငါ​ကြည့်​ရှု၍ ဘု​ရား​ရှင်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ ရပ်​လျက် မိန့်​တော်​မူ​သည်​ကား၊ ရှိ​သ​မျှ​သော​သူ​တို့၏ ခေါင်း​ပေါ်​သို့ တံ​ခါး​တိုင်​လှုပ်၍ ပြို​ကျ​စေ​ခြင်း​ငှာ တံ​ခါး​ထုပ်​ကို ရိုက်​လော့။ သူ​တို့​သား​မြေး​များ​ကို​လည်း ဓား​နှင့် ငါ​ကွပ်​မျက်​မည်။ ပြေး​သော​သူ​သည် မ​လွတ်​ရ။ လွတ်​သော​သူ​သည်​လည်း ချမ်း​သာ​ကို မ​တွေ့​ရ။ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် တွင်း​တူး​သော်​လည်း ငါ​နုတ်​ယူ​မည်။ မိုး​ကောင်း​ကင်​သို့ တက်​သော်​လည်း ငါ​ချ​မည်။ က​ရ​မေ​လ​တောင်​ထိပ်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​ရှာ၍ ထုတ်​မည်။ ငါ​နှင့်​လွတ်​အံ့​သော​ငှာ သ​မု​ဒ္ဒ​ရာ​အောက်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​သည် န​ဂါး​ကို​မှာ​လိုက်၍ ကိုက်​စေ​မည်။ ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကို​ထိ​တော်​မူ​လျှင်၊ မြေ​သည် အ​ရည်​ဖြစ်၍ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ မြုပ်​လိမ့်​မည်။ အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သော တိုင်း​နိုင်​ငံ​ကို ကြည့်​ရှု​လျက်၊ ထို​တိုင်း​နိုင်​ငံ​ကို မြေ​ကြီး​ပြင်​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သို့​သော်​လည်း၊ ယာ​ကုပ်​အ​မျိုး​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ငါ​အ​မိန့်​တော်​ရှိ​သ​ဖြင့် ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​အ​မျိုး​တို့​တွင် ဆန်​ခါ​နှင့် ငါ​ချ​မည်။ ဆန်​တစ်​စေ့​မျှ မြေ​သို့​မ​ကျ​ရ။ ဘေး​ဥ​ပဒ်​သည် ငါ​တို့​ကို မ​မီ​နိုင်၊ မ​ဆီး​တား​နိုင်​ဟု​ဆို​လျက်၊ အ​ပြစ်​များ​သော ငါ၏​လူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။