YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9:1-10

အာမုတ် 9:1-10 Judson Bible (JBMLE)

တစ်​ဖန် ငါ​ကြည့်​ရှု၍ ဘု​ရား​ရှင်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ ရပ်​လျက် မိန့်​တော်​မူ​သည်​ကား၊ ရှိ​သ​မျှ​သော​သူ​တို့၏ ခေါင်း​ပေါ်​သို့ တံ​ခါး​တိုင်​လှုပ်၍ ပြို​ကျ​စေ​ခြင်း​ငှာ တံ​ခါး​ထုပ်​ကို ရိုက်​လော့။ သူ​တို့​သား​မြေး​များ​ကို​လည်း ဓား​နှင့် ငါ​ကွပ်​မျက်​မည်။ ပြေး​သော​သူ​သည် မ​လွတ်​ရ။ လွတ်​သော​သူ​သည်​လည်း ချမ်း​သာ​ကို မ​တွေ့​ရ။ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် တွင်း​တူး​သော်​လည်း ငါ​နုတ်​ယူ​မည်။ မိုး​ကောင်း​ကင်​သို့ တက်​သော်​လည်း ငါ​ချ​မည်။ က​ရ​မေ​လ​တောင်​ထိပ်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​ရှာ၍ ထုတ်​မည်။ ငါ​နှင့်​လွတ်​အံ့​သော​ငှာ သ​မု​ဒ္ဒ​ရာ​အောက်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​သည် န​ဂါး​ကို​မှာ​လိုက်၍ ကိုက်​စေ​မည်။ ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကို​ထိ​တော်​မူ​လျှင်၊ မြေ​သည် အ​ရည်​ဖြစ်၍ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ မြုပ်​လိမ့်​မည်။ အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သော တိုင်း​နိုင်​ငံ​ကို ကြည့်​ရှု​လျက်၊ ထို​တိုင်း​နိုင်​ငံ​ကို မြေ​ကြီး​ပြင်​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သို့​သော်​လည်း၊ ယာ​ကုပ်​အ​မျိုး​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ငါ​အ​မိန့်​တော်​ရှိ​သ​ဖြင့် ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​အ​မျိုး​တို့​တွင် ဆန်​ခါ​နှင့် ငါ​ချ​မည်။ ဆန်​တစ်​စေ့​မျှ မြေ​သို့​မ​ကျ​ရ။ ဘေး​ဥ​ပဒ်​သည် ငါ​တို့​ကို မ​မီ​နိုင်၊ မ​ဆီး​တား​နိုင်​ဟု​ဆို​လျက်၊ အ​ပြစ်​များ​သော ငါ၏​လူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။

အာမုတ် 9:1-10 Common Language Bible (BCL)

ယဇ်​ပလ္လင်​အ​နီး​၌​ရပ်​နေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​ကို​ငါ​တွေ့​ရ​၏။ ကိုယ်​တော်​ရှင်​က``ဗိ​မာန် တော်​တစ်​ခု​လုံး​ကို​သိမ့်​သိမ့်​တုန်​သွား​စေ​ရန် ဗိ​မာန်​တော်​တိုင်​၏​ထိပ်​ဖျား​ကို​ရိုက်​ချိုး​လော့။ ထို​အ​ရာ​တို့​ကို​ချိုး​၍​လူ​တို့​၏​ခေါင်း​ပေါ် သို့​ကျ​စေ​လော့။ ကျန်​ရစ်​သူ​များ​ကို​စစ်​ပွဲ​၌ ငါ​ကွပ်​မျက်​မည်။ မည်​သူ​မျှ​လွတ်​မည်​မ​ဟုတ်။ မည်​သူ​တစ်​ဦး​မျှ​ပြေး​မ​လွတ်​နိုင်။- မြေ​အောက်​သို့​တွင်း​တူး​ပြီး​သေ​မင်း​နိုင်​ငံ​၌ ပုန်း​အောင်း​နေ​လင့်​က​စား ငါ​သည်​သူ​တို့​ကို အ​မိ​အ​ရ​ဖမ်း​ဆီး​မည်။ မိုး​ပေါ်​သို့​တက် ပြေး​လျှင်​လည်း​သူ​တို့​ကို​ငါ​ဆွဲ​ချ​မည်။- က​ရေ​မေ​လ​တောင်​ထိပ်​၌​ပုန်း​နေ​လျှင်​လည်း သူ​တို့​ကို​လိုက်​ရှာ​၍​ဖမ်း​ချုပ်​မည်။ ငါ့​ထံ​မှ လွတ်​အောင်​ပင်​လယ်​အောက်​၌​ပုန်း​နေ​လျှင် သူ တို့​ကို​ဝါး​မြို​ရန်​ပင်​လယ်​န​ဂါး​ကို​စေ ခိုင်း​မည်။- ရန်​သူ​များ​ဖမ်း​သွား​ခံ​ရ​လျှင် လည်း​သူ​တို့ ကို​သတ်​ပစ်​လိုက်​ရန်​ငါ​စေ​ခိုင်း​မည်။ ငါ​သည် သူ​တို့​ကို​မ​ကူ​ညီ​ဘဲ ဖျက်​ဆီး​ပစ်​ရန် သန္နိ​ဋ္ဌာန်​ချ​လိုက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊ မြေ​င​လျင်​ကြီး​လှုပ်​သည်။ မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​၌ မိ​မိ​အိမ်​တော် ကို​တည်​ဆောက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လုံး​ဝန်း​သော ကောင်း​ကင်​ယံ​ခုံး​ကို​တင်​တော်​မူ​၏။ ပင်​လယ်​ရေ​များ​ကို​ခေါ်​ယူ​လျက်​မြေ​ပေါ်​၌ သွန်း​လောင်း​ခဲ့​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။- ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ ``ဆန်​ကို​ဆန်​ကာ​တင်​ပြီး​ခါ​ချ​သ​ကဲ့​သို့​ငါ​၏ အ​မိန့်​ဖြင့် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ဆန်​ခါ တင်​ကာ​ခါ​ချ​လိုက်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး များ​အ​ထဲ​၌​လှုပ်​ခါ​ပြီး​နောက်​မ​ထိုက်​တန်​သူ မှန်​သ​မျှ​ကို​ငါ​ရှင်း​လိုက်​မည်။- ငါ​၏​လူ​မျိုး​ထဲ​မှ`ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​သော​အ​ပြစ်​ရှိ သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ​၌​သေ​ဆုံး​ရ​မည်။''

အာမုတ် 9:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ငါ​မြင်​ရ​သည်​မှာ ဘုရားရှင်​သည် ယဇ်ပလ္လင်​နား​တွင် ရပ်​နေ​တော်မူ​၏​။ ကိုယ်တော်​က “တံခါးခုံ​များ​လှုပ်ခါ​၍ လူ​အပေါင်း​တို့​ခေါင်း​ပေါ်သို့ ပြိုကျ​သည်​အထိ ခေါင်တိုင်​တို့​ကို ရိုက်ချိုး​လော့​။ ထို​ဘေး​မှ​လွတ်​၍ ကြွင်းကျန်သူ​တို့​ကို ဓား​နှင့် ငါ​ကွပ်မျက်​မည်​။ ထွက်ပြေး​သော​သူ မ​ရှိ​ရ​။ လွတ်မြောက်​သော​သူ မ​ရှိ​ရ​။ မရဏာနိုင်ငံ​တိုင်အောင် တွင်း​တူး​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ကိုယ်တိုင် ဆွဲထုတ်​မည်​။ ကောင်းကင်​တိုင်အောင် တက်သွား​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ဆွဲချ​မည်​။ ကရမေလ​တောင်ထိပ်​တွင် ပုန်းရှောင်​နေ​လျှင် သူ​တို့​ကို ရှာ​ပြီး ထို​အရပ်​မှ ငါ​ဖမ်းခေါ်​လာ​မည်​။ ငါ​မမြင်​အောင် ပင်လယ်​ကြမ်းပြင်​တွင် ပုန်း​နေ​လျှင် ထို​နေရာ​၌​ပင် မြွေနဂါး​ကို အမိန့်ပေး​၍ သူ​တို့​အား ကိုက်​စေ​မည်​။ ရန်သူ​တို့​ရှိ​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​လျှင် ထို​နေရာ​၌ ငါ့​အမိန့်​ဖြင့် ဓား​နှင့်​အသတ်​ခံရ​မည်​။ ကောင်းစား​စေ​ရန်​အတွက် မ​ဟုတ်​၊ ဒုက္ခ​ရောက်​စေရန်​အတွက် သူ​တို့​ကို ငါ​စောင့်ကြည့်​မည်”​ဟု မိန့်​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားရှင်​ထာဝရဘုရား​သည် မြေကြီး​ကို တို့​တော်မူ​လျှင် မြေကြီး​သည်​အရည်ပျော်​ကျ​၍ သက်ရှိ​အပေါင်း​တို့ ငိုကြွေးမြည်တမ်း​ရ​လိမ့်မည်​။ တစ်ပြည်လုံး နိုင်း​မြစ်ရေ​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ ပြန်ဆုတ်​သွား​လိမ့်မည်​။ မိုးကောင်းကင်​တွင် အထက်ခန်း​များ​ကို တည်ဆောက်​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်တွင် အုတ်မြစ်ချ​တော်မူ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး မြေ​မျက်နှာပြင်​ပေါ် လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား ဖြစ်​၏​။ ထာဝရဘုရား​က “အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​သည် ငါ့​အဖို့ အီသီယိုးပီးယား​အမျိုးသား​များ​နှင့် တူ​သည်​မ​ဟုတ်​လော​။ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ဖိလိတ္တိ​လူမျိုး​တို့​ကို ကတ္တောရ​ကျွန်း​မှ​လည်းကောင်း​၊ ဆီးရီးယား​လူမျိုး​တို့​ကို ကိရ​ပြည်​မှ​လည်းကောင်း ငါ​ထုတ်ဆောင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အပြစ်ပြု​သော​တိုင်းနိုင်ငံ​ကို ဘုရားရှင်​ထာဝရဘုရား စောင့်ကြည့်​တော်မူ​၏​။ ထို​တိုင်းနိုင်ငံ​ကို မြေပြင်​ပေါ်​မှ အဆုံးသတ်​ဖျက်ဆီး​ပစ်​မည်​ဖြစ်​သော်လည်း ယာကုပ်​အမျိုးအနွယ်​ကို အကုန်အစင်​ဖျက်ဆီး​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။ “ကြည့်ရှု​လော့​။ ငါ​မိန့်ဆို​ပြီ​။ လူမျိုး​တကာ​တို့​အလယ်​တွင် အစ္စရေး​အမျိုးအနွယ်​ကို ဆန်ခါ​ခါ​သကဲ့သို့ ခါချ​မည်​။ ဆန်တစ်စေ့​မျှ မြေကြီး​ပေါ် မ​ကျ​ရ​။ ‘ငါ​တို့​ထံ ဘေးအန္တရာယ် ရောက်လာ​မည်​မ​ဟုတ်​။ ငါ​တို့​သည် ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ငါ့​လူမျိုး​တော်​အပြစ်သား​အားလုံး​တို့​သည် ဓား​ဖြင့် သေ​ကြ​ရ​လိမ့်မည်​။