YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 2:1-3

အာမုတ် 2:1-3 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ဘ​ပြည်​အ​လယ်၌ တ​ရား​သူ​ကြီး​ကို ငါ​ပယ်​ဖြတ်၍၊ သူ​နှင့်​တ​ကွ မှူး​မတ်​အ​ပေါင်း​တို့​ကို ကွပ်​မျက်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။