YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:36-42

တမန်တော် 9:36-42 JBMLE

ယု​ပ္ပေ​မြို့၌ ဒေါ်​ကာ​ဟု​ဆို​လို​သော တ​ဗိ​သ အ​မည်​ရှိ​သော တ​ပည့်​တော်​မ တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကောင်း​သော​အ​ကျင့်၊ စွန့်​ကြဲ​ခြင်း အ​ကျင့်​နှင့် ပြည့်​စုံ​လျက်၊- ထို​အ​ခါ၌ နာ၍​သေ​လေ၏။ အ​လောင်း​ကို ရေ​ချိုး​ပြီး​လျှင် အ​ထက်​ခန်း၌​တင်​ထား​ကြ၏။- လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။- ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။- ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။- ပေ​တ​ရု​သည် မိ​မိ​လက်​ကို သူ့​အား​ပေး၍ ချီ​ကြွ​ပြီး​မှ၊ သန့်​ရှင်း​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို​ခေါ်၍ အ​သက်​ရှင်​လျက်​ရှိ​သော ထို​မိန်း​မ​ကို ပြ​လေ၏။- ထို​အ​ကြောင်း​ကို ယု​ပ္ပေ​မြို့၌ အ​နှံ့​အ​ပြား သိ​ကြ၍၊ လူ​များ​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။