YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:54-60

တမန်တော် 7:54-60 JBMLE

ထို​စ​ကား​ကို​ကြား​လျှင် နှ​လုံး​ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ သ​တေ​ဖန်၌ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​ကြ​လေ၏။- သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊- ကြည့်​ပါ။ ကောင်း​ကင် ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်၏​လက်​ယာ​တော်​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ ငါ​မြင်​သည်​ဟု ဆို၏။- ထို​သူ​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်၍ နား​ကို​ပိတ်​ဆို့​လျက် သူ့​ဆီ​သို့​ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး၍၊- မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။- ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။- ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။