YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:44-53

တမန်တော် 7:44-53 JBMLE

မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။- နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။- ထို​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ဖို့​ရာ​အ​ရပ်​ကို တွေ့​ခြင်း​ငှာ တောင့်​တ၏။- ရှော​လ​မုန်​သည်​လည်း ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ၏။- သို့​သော်​လည်း ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။- မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။- ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။ လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။- သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။- သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ ခင်း​ကျင်း​သော​အား​ဖြင့် ပ​ညတ်​တ​ရား​တော်​ကို ခံ​ရ​သော်​လည်း မ​စောင့်​မ​ရှောက်​ကြ​ဟု သ​တေ​ဖန် မြွက်​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။