YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 25:13-27

တမန်တော် 25:13-27 JBMLE

ထို​နောက်​များ​မ​ကြာ၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​သည် မိ​မိ​ခင်​ပွန်း​ဗေ​ရ​နိတ်​နှင့်​တ​ကွ ဖေ​တ္တု​မင်း​ကို​နှုတ်​ဆက်​ခြင်း​ငှာ ကဲ​သ​ရိ​မြို့​သို့ ရောက်​လာ၏။- အင်​တန်​ကာ​လ​နေ​ပြီး​မှ ဖေ​တ္တု​မင်း​သည် ပေါ​လု၏​အ​ကြောင်း​ကို မင်း​ကြီး​အား ကြား​ပြော​သည်​မှာ၊ ဖေ​လဇ်​မင်း​သည် အ​ကျဉ်း​ထား​ရစ်​စေ​သော လူ​တစ်​ယောက်​ရှိ၏။- ယေ​ရု​ရှ​လင်​မြို့၌ အ​ကျွန်ုပ်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့​သည်၊ ထို​သူ၏​အ​ကြောင်း​ကို ကြား​လျှောက်၍ အ​ပြစ်​အ​လျောက် စီ​ရင်​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊- ကျွန်ုပ်​က​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို ခံ​သော​သူ​သည် အ​ပြစ်​တင်​သော သူ​တို့​နှင့် မျက်​မှောက်​တွေ့၍၊ မိ​မိ၌​တင်​သော​အ​ပြစ်​ကို​ဖြေ​ရ​သော အ​ခွင့်​မ​ရှိ​မီ၊ အ​ဘယ်​သူ​ကို​မျှ အ​သေ​ခံ​စေ​ခြင်း​ငှာ မ​စွန့်​မ​အပ်​ရ​ဟု ရော​မ​ထုံး​စံ​ရှိ​ကြောင်း​ကို ပြော​ဆို၏။- ထို​သူ​တို့​သည် ဤ​မြို့​သို့​ရောက်​လာ​သော​အ​ခါ၊ ကျွန်ုပ်​သည် မ​ဆိုင်း​မ​လင့်​ဘဲ နက်​ဖြန်​နေ့၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ ထို​သူ​ကို​ခေါ်​စေ၏။- သူ့​ကို အ​မှု​လုပ်​သော သူ​တို့​သည် လာ​ကြ​လျှင်၊ ကျွန်ုပ်​အ​ထက်​က ထင်​မှတ်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တင်​ဘဲ​လျက်၊ မိ​မိ​ဘာ​သာ​နှင့်​လည်း​ကောင်း၊ ယေ​ရှု​အ​မည်​ရှိ​သော၊- သေ​ပြီး​သော သူ​တစ်​ယောက်​နှင့်​လည်း​ကောင်း ယှဉ်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍ အ​ပြစ်​တင်​ကြ၏။ ထို​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ဆို​တတ်၏။- ထို​ပု​စ္ဆာ​အ​မေး​ကို ကျွန်ုပ်​သည် မ​ကျွမ်း​သော​ကြောင့်၊ ပေါ​လု​အား​လည်း၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဤ​အ​မှု​စီ​ရင်​ခြင်း​ကို ခံ​မည်​လော​ဟု​မေး​လျှင်၊- ပေါ​လု​သည် ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏​အ​ယူ​တော်​ကို ခံ​လို၍ မိ​မိ​ကို​ချုပ်​ထား​စေ​ခြင်း​ငှာ တောင်း​ပန်​သော​ကြောင့်၊ သူ့​ကို​ကဲ​သာ​ဘု​ရင်​ထံ​တော်​သို့ မ​စေ​လွှတ်​မီ​တိုင်​အောင် ချုပ်​ထား​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်​သည်​ဟု ဖေ​တ္တု​မင်း​သည် ပြော​ဆို၏။- အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ထို​သူ၏​စ​ကား​ကို ကျွန်ုပ်​သည် ကိုယ်​တိုင်​နား​ထောင်​ချင်​ဖွယ်​ဖြစ်​သည်​ဟု ဆို​လျှင်၊ ဖေ​တ္တု​မင်း​က၊ နက်​ဖြန်​နေ့၌ သူ၏​စ​ကား​ကို နား​ထောင်​ပါ​လော့​ဟု ဆို၏။ နက်​ဖြန်​နေ့၌ အ​ဂြိ​ပ္ပ​မင်း​နှင့် ဗေ​ရ​နိတ်​တို့​သည် များ​စွာ​သော ဂုဏ်​အ​သ​ရေ​ကို ဆောင်​လျက်၊ စစ်​သူ​ကြီး​တို့​မှ​စ၍ ထို​မြို့၌​ထင်​ရှား​သော သူ​များ​တို့​နှင့်​တ​ကွ အိမ်​တော်​ဦး​သို့ ဝင်​ကြ​လျှင်၊ ဖေ​တ္တု​မင်း​သည်​ပေါ​လု​ကို ဆောင်​ခဲ့​စေ၏။- ဖေ​တ္တု​မင်း​က​လည်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​မှ​စ၍ ယ​ခု​ရှိ​သော​သူ အ​ပေါင်း​တို့၊ ဤ​သူ​ကို​ကြည့်​ကြ​ပါ​လော့။ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် ဤ​သူ၏​အ​ကြောင်း​ကို ကျွန်ုပ်​အား​လျှောက်၍၊ သူ​သည် ခ​ဏ​မျှ​အ​သက်​မ​ရှင်​ထိုက်​ပါ​ဟု ဟစ်​ကြ၏။- သူ​သည် သေ​ထိုက်​သော အ​ပြစ်​မ​ပြု​ကြောင်း​ကို ကျွန်ုပ်​သိ​မြင်၍​လည်း​ကောင်း၊ သူ​သည်​ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို၍​လည်း​ကောင်း၊ သူ့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်၏။- သူ၏​အ​ကြောင်း​ကို ရေး​ထား၍၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပေး​လိုက်​စ​ရာ​ဖို့၊ သေ​ချာ​သော​အ​ကြောင်း တစ်​စုံ​တစ်​ခု​မျှ ကျွန်ုပ်၌​မ​ရှိ။ ထို​ကြောင့် သင်​တို့​သည် သူ့​ကို စစ်​ကြော​ပြီး​မှ၊ ကျွန်ုပ်​ရေး၍​ပေး​လိုက်​စ​ရာ အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့၌​လည်း​ကောင်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်​ရှေ့၌​လည်း​ကောင်း၊ သူ့​ကို​ကျွန်ုပ်​ထုတ်၍​ပြ၏။- အ​ကြောင်း​မူ​ကား၊ အ​ကျဉ်း​ခံ​သော​သူ​ကို အ​ပြစ်​မ​ပြ​ဘဲ စေ​လွှတ်​သော် မ​လျော်​မ​သင့်​ဖြစ်​မည်​ထင်​ပါ​သည် ဟု​ဆို၏။