YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 25

25
ဧ​က​ရာဇ်​မင်း​ထံ​ပေါ​လု​အ​ယူ​ခံ
1ဖေ​တ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်၍ သုံး​ရက်​ရှိ​သော​အ​ခါ၊ ကဲ​သ​ရိ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၏။- 2ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​သည်၊- 3ပေါ​လု​ကို သတ်​ခြင်း​ငှာ လမ်း​နား၌ ချောင်း၍ နေ​မည်​ဟု​အ​ကြံ​ရှိ​သည်​နှင့်၊ ပေါ​လု၏​အ​ကြောင်း​ကို ကြား​လျှောက်​တောင်း​ပန်၍၊ သူ့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ကြ၏။- 4ဖေ​တ္တု​မင်း​က​လည်း၊ ပေါ​လု​သည် ကဲ​သ​ရိ​မြို့၌ အ​ချုပ်​ခံ​လျက်​နေ​ရ၏။ ထို​မြို့​သို့​များ​မ​ကြာ ငါ့​ကိုယ်​တိုင် သွား​မည်။- 5သင်​တို့​သည် တတ်​နိုင်​သော​သူ​တို့​သည် ငါ​နှင့် အ​တူ​လိုက်၍၊ ထို​သူ၌​အ​ပြစ်​ရှိ​လျှင် အ​ပြစ်​တင်​ကြ​စေ​ဟု ပြော​ဆို၏။ 6ထို​နောက် ဆယ်​ရက်​လောက်​နေ​ပြီး​မှ ကဲ​သ​ရိ​မြို့​သို့ သွား၍၊ နက်​ဖြန်​နေ့၌​တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ပေါ​လု​ကို​ခေါ်​ချေ​ဟု အ​မိန့်​ရှိ၏။
7ပေါ​လု​ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဝန်း​ရံ​လျက်၊ သက်​သေ​မ​ပြ​နိုင်​ဘဲ လေး​စွာ​သော​အ​ပြစ်​များ​တို့​ကို ပေါ​လု​အ​ပေါ်၌​တင်​ကြ၏။- 8ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​တ​ရား​ကို မ​ပြစ်​မှား​ပါ။ ဗိ​မာန်​တော်​ကို မ​ပြစ်​မှား​ပါ။ ကဲ​သာ​ဘု​ရင်​ကို မ​ပြစ်​မှား​ပါ​ဟူ၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​လေ၏။- 9သို့​သော်​လည်း၊ ဖေ​တ္တု​မင်း​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊ ငါ့​ရှေ့​မှာ ဤ​အ​မှု​စီ​ရင်​ခြင်း​ကို ခံ​မည်​လော​ဟု ယု​ဒ​လူ​တို့​ကို ကျေး​ဇူး​ပြု​လို​သော စိတ်​ရှိ​လျက် ပေါ​လု​အား​မေး၏။- 10ပေါ​လု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏ တ​ရား​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​ရပ်​ပါ၏။ ထို​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​အပ်​ပါ၏။ ကိုယ်​တော်​သည် အ​မှန်​သိ​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​တို့​ကို အ​လျှင်း​မ​ပြစ်​မှား​ပါ။- 11အ​ကျွန်ုပ်​ပြစ်​မှား၍ သေ​ထိုက်​သော​အ​ပြစ်​ကို ပြု​မိ​သည်​မှန်​လျှင်၊ သေ​ဘေး​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ ထို​သူ​တို့​တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ မ​မှန်​လျှင်၊ သူ​တို့​လက်​သို့ အ​ကျွန်ုပ်​ကို အ​ဘယ်​သူ​မျှ မ​စွန့်​မ​အပ်​ရ​ပါ။ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို​ခံ​ပါ​မည်​ဟု လျှောက်​ဆို၏။- 12ထို​အ​ခါ ဖေ​တ္တု​မင်း​သည် တိုင်​ပင်​ဘက်​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊ သင်​သည် ကဲ​သာ​ဘု​ရင်၏​အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို​သ​လော။ ကဲ​သာ​ဘု​ရင်​ထံ​တော်​သို့ သွား​ရ​မည်​ဟု​ဆို၏။
အ​ဂြိ​ပ္ပ​မင်း​ကြီး​ကို ပေါ​လု​အ​ကြောင်း​ပြော​ပြ​ခြင်း
13ထို​နောက်​များ​မ​ကြာ၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​သည် မိ​မိ​ခင်​ပွန်း​ဗေ​ရ​နိတ်​နှင့်​တ​ကွ ဖေ​တ္တု​မင်း​ကို​နှုတ်​ဆက်​ခြင်း​ငှာ ကဲ​သ​ရိ​မြို့​သို့ ရောက်​လာ၏။- 14အင်​တန်​ကာ​လ​နေ​ပြီး​မှ ဖေ​တ္တု​မင်း​သည် ပေါ​လု၏​အ​ကြောင်း​ကို မင်း​ကြီး​အား ကြား​ပြော​သည်​မှာ၊ ဖေ​လဇ်​မင်း​သည် အ​ကျဉ်း​ထား​ရစ်​စေ​သော လူ​တစ်​ယောက်​ရှိ၏။- 15ယေ​ရု​ရှ​လင်​မြို့၌ အ​ကျွန်ုပ်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့​သည်၊ ထို​သူ၏​အ​ကြောင်း​ကို ကြား​လျှောက်၍ အ​ပြစ်​အ​လျောက် စီ​ရင်​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊- 16ကျွန်ုပ်​က​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို ခံ​သော​သူ​သည် အ​ပြစ်​တင်​သော သူ​တို့​နှင့် မျက်​မှောက်​တွေ့၍၊ မိ​မိ၌​တင်​သော​အ​ပြစ်​ကို​ဖြေ​ရ​သော အ​ခွင့်​မ​ရှိ​မီ၊ အ​ဘယ်​သူ​ကို​မျှ အ​သေ​ခံ​စေ​ခြင်း​ငှာ မ​စွန့်​မ​အပ်​ရ​ဟု ရော​မ​ထုံး​စံ​ရှိ​ကြောင်း​ကို ပြော​ဆို၏။- 17ထို​သူ​တို့​သည် ဤ​မြို့​သို့​ရောက်​လာ​သော​အ​ခါ၊ ကျွန်ုပ်​သည် မ​ဆိုင်း​မ​လင့်​ဘဲ နက်​ဖြန်​နေ့၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ ထို​သူ​ကို​ခေါ်​စေ၏။- 18သူ့​ကို အ​မှု​လုပ်​သော သူ​တို့​သည် လာ​ကြ​လျှင်၊ ကျွန်ုပ်​အ​ထက်​က ထင်​မှတ်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တင်​ဘဲ​လျက်၊ မိ​မိ​ဘာ​သာ​နှင့်​လည်း​ကောင်း၊ ယေ​ရှု​အ​မည်​ရှိ​သော၊- 19သေ​ပြီး​သော သူ​တစ်​ယောက်​နှင့်​လည်း​ကောင်း ယှဉ်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍ အ​ပြစ်​တင်​ကြ၏။ ထို​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ဆို​တတ်၏။- 20ထို​ပု​စ္ဆာ​အ​မေး​ကို ကျွန်ုပ်​သည် မ​ကျွမ်း​သော​ကြောင့်၊ ပေါ​လု​အား​လည်း၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဤ​အ​မှု​စီ​ရင်​ခြင်း​ကို ခံ​မည်​လော​ဟု​မေး​လျှင်၊- 21ပေါ​လု​သည် ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏​အ​ယူ​တော်​ကို ခံ​လို၍ မိ​မိ​ကို​ချုပ်​ထား​စေ​ခြင်း​ငှာ တောင်း​ပန်​သော​ကြောင့်၊ သူ့​ကို​ကဲ​သာ​ဘု​ရင်​ထံ​တော်​သို့ မ​စေ​လွှတ်​မီ​တိုင်​အောင် ချုပ်​ထား​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်​သည်​ဟု ဖေ​တ္တု​မင်း​သည် ပြော​ဆို၏။- 22အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ထို​သူ၏​စ​ကား​ကို ကျွန်ုပ်​သည် ကိုယ်​တိုင်​နား​ထောင်​ချင်​ဖွယ်​ဖြစ်​သည်​ဟု ဆို​လျှင်၊ ဖေ​တ္တု​မင်း​က၊ နက်​ဖြန်​နေ့၌ သူ၏​စ​ကား​ကို နား​ထောင်​ပါ​လော့​ဟု ဆို၏။
အ​ဂြိ​ပ္ပ​မင်း​ကြီး​ရှေ့​သို့
23နက်​ဖြန်​နေ့၌ အ​ဂြိ​ပ္ပ​မင်း​နှင့် ဗေ​ရ​နိတ်​တို့​သည် များ​စွာ​သော ဂုဏ်​အ​သ​ရေ​ကို ဆောင်​လျက်၊ စစ်​သူ​ကြီး​တို့​မှ​စ၍ ထို​မြို့၌​ထင်​ရှား​သော သူ​များ​တို့​နှင့်​တ​ကွ အိမ်​တော်​ဦး​သို့ ဝင်​ကြ​လျှင်၊ ဖေ​တ္တု​မင်း​သည်​ပေါ​လု​ကို ဆောင်​ခဲ့​စေ၏။- 24ဖေ​တ္တု​မင်း​က​လည်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​မှ​စ၍ ယ​ခု​ရှိ​သော​သူ အ​ပေါင်း​တို့၊ ဤ​သူ​ကို​ကြည့်​ကြ​ပါ​လော့။ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် ဤ​သူ၏​အ​ကြောင်း​ကို ကျွန်ုပ်​အား​လျှောက်၍၊ သူ​သည် ခ​ဏ​မျှ​အ​သက်​မ​ရှင်​ထိုက်​ပါ​ဟု ဟစ်​ကြ၏။- 25သူ​သည် သေ​ထိုက်​သော အ​ပြစ်​မ​ပြု​ကြောင်း​ကို ကျွန်ုပ်​သိ​မြင်၍​လည်း​ကောင်း၊ သူ​သည်​ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို၍​လည်း​ကောင်း၊ သူ့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်၏။- 26သူ၏​အ​ကြောင်း​ကို ရေး​ထား၍၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပေး​လိုက်​စ​ရာ​ဖို့၊ သေ​ချာ​သော​အ​ကြောင်း တစ်​စုံ​တစ်​ခု​မျှ ကျွန်ုပ်၌​မ​ရှိ။ ထို​ကြောင့် သင်​တို့​သည် သူ့​ကို စစ်​ကြော​ပြီး​မှ၊ ကျွန်ုပ်​ရေး၍​ပေး​လိုက်​စ​ရာ အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့၌​လည်း​ကောင်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်​ရှေ့၌​လည်း​ကောင်း၊ သူ့​ကို​ကျွန်ုပ်​ထုတ်၍​ပြ၏။- 27အ​ကြောင်း​မူ​ကား၊ အ​ကျဉ်း​ခံ​သော​သူ​ကို အ​ပြစ်​မ​ပြ​ဘဲ စေ​လွှတ်​သော် မ​လျော်​မ​သင့်​ဖြစ်​မည်​ထင်​ပါ​သည် ဟု​ဆို၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ