YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 19:1-21

တမန်တော် 19:1-21 JBMLE

အာ​ပေါ​လု​သည် ကော​ရိ​န္သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊- သင်​တို့​သည် ယုံ​ကြည်​သည်​နောက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​ပြီ​လော​ဟု မေး​သည်​ရှိ​သော်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။- ပေါ​လု​က​လည်း၊ သို့​ဖြစ်​လျှင်၊ သင်​တို့​သည် အ​ဘယ်​မည်​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယော​ဟန်၏​ဗ​တ္တိ​ဇံ​ကို​ခံ​ပါ​သည်​ဟု ပြော​ဆို​ကြ၏။- ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊- ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။- ထို​သူ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ကျိပ်​နှစ်​ယောက်​မျှ​လောက် ရှိ​သ​တည်း။ ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။- အ​ချို့​သော​သူ​တို့​သည် ခိုင်​မာ​သော​စိတ်​ရှိ၍ မ​ယုံ​ကြည်​ဘဲ​နေ​လျက်၊ လူ​များ​ရှေ့​မှာ ထို​ဘာ​သာ​ကို ကဲ့​ရဲ့​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​အ​ထဲ​မှ​ထွက်​သွား၍ တ​ပည့်​တော်​တို့​ကို အ​သီး​အ​ခြား ခွဲ​ထား​ပြီး​မှ၊- တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊- ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။ ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။- သ​ကေ​ဝ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ သား​ခု​နစ်​ယောက်​တို့​သည် ထို​သို့​ပြု​ကြ၏။- နတ်​ဆိုး​က​လည်း၊ ယေ​ရှု​ကို​ငါ​သိ၏။ ပေါ​လု​ကို​လည်း ငါ​သိ၏။ သင်​တို့​ကား၊ အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊- နတ်​ဆိုး​စွဲ​သော​သူ​သည် ထို​သူ​တို့​အ​ပေါ်​သို့ ခုန်​တက်၍​နိုင်​သ​ဖြင့် လု​ယက်​နှိပ်​စက်​သော​ကြောင့်၊ ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ​အ​နာ​များ​နှင့် ထွက်​ပြေး​စေ၏။- ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။- ယုံ​ကြည်​သော​သူ​အ​များ​တို့​သည်​လည်း လာ၍ မိ​မိ​တို့​အ​ကျင့်​ကို ဖော်​ပြ​လျက်​တောင်း​ပန်​ကြ၏။- နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို​သုံး​ဆောင်​သော သူ​အ​များ​တို့​သည်​လည်း မိ​မိ​တို့​စာ​စောင်​ကို​ယူ​ခဲ့၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မီး​ရှို့​ကြ၏။ စာ​စောင်​အ​ဖိုး​ကို ချင့်​တွက်​သော်၊ ငွေ​အ​သ​ပြာ ငါး​သောင်း​ထိုက်​သည်​ကို သိ​ကြ၏။- ထို​သို့ သ​ခင်​ဘု​ရား၏​သာ​သ​နာ​တော်​သည် တန်​ခိုး​နှင့်​တိုး​ပွား၍ အောင်​မြင်​လေ၏။ ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊