YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 14:8-18

တမန်တော် 14:8-18 JBMLE

အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သ​ဖြင့်၊ တစ်​ခါ​မျှ မ​သွား​ဖူး​သော လူ​တစ်​ယောက်​သည် လု​တ္တ​ရ​မြို့၌ ထိုင်​လျက်၊- ပေါ​လု​ဟော​ပြော​သည်​ကို ကြား​လေ၏။ ပေါ​လု​သည်​လည်း ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ရော​ဂါ​ကင်း​မည်​အ​ကြောင်း သူ၌​ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊- ထ၍​မတ်​တတ်​ရပ်​လော့​ဟု ကြီး​သော​အ​သံ​နှင့် ဆို​သ​ဖြင့်၊ ထို​သူ​သည် ရုတ်​တ​ရက်​ထ၍ လှမ်း​သွား​လေ၏။- ပေါ​လု​ပြု​သော​အ​မှု​ကို​မြင်​သော လူ​အ​စု​အ​ဝေး​တို့​က၊ နတ်​ဘု​ရား​တို့​သည် လူ​အ​ယောင်​ကို​ဆောင်၍ ငါ​တို့​ရှိ​ရာ​သို့ ဆင်း​သက်​ပါ​သည်​တ​ကား​ဟု လု​ကော​နိ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​သံ​ကို​လွှင့်၍ ဆို​ကြ၏။- ပေါ​လု​သည်​သာ၍ ဟော​ပြော​သော​ကြောင့် သူ့​ကို ဟေ​ရ​မေ​ဟူ၍​လည်း​ကောင်း၊ ဗာ​န​ဗ​ကို ဇု​သ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။- ထို​မြို့​ရှေ့၌​ရှိ​သော ဇု​သ၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား​နှင့် ပန်း​ကုံး​ကို မြို့​တံ​ခါး​နား​သို့​ယူ​ခဲ့၍၊ လူ​အ​စု​အ​ဝေး​တို့​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​မည်​ပြု​သည်​ကို၊- တ​မန်​တော်​ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် သ​တင်း​ကြား​လျှင်၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍ လူ​စု​ထဲ​သို့ ပြေး​ဝင်​လျက်၊- အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။- ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တို့၌၊ လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့​အ​လို​အ​လျောက် ကျင့်​ကြ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် အ​လွတ်​ထား​တော်​မူ၏။- သို့​သော်​လည်း၊ သင်​တို့​အား ကျေး​ဇူး​ပြု​လျက်၊ အ​စာ​အာ​ဟာ​ရ​နှင့် ဝ​ပြော၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မှ မိုး​ရွာ​စေ​တော်​မူ၍၊ အ​သီး​အ​နှံ​တို့​ကို သီး​စေ​တတ်​သော ဥ​တု​ကို​ပေး​တော်​မူ​သော​အား​ဖြင့်၊ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို သက်​သေ​မ​ခံ​ဘဲ နေ​တော်​မ​မူ​ဟု ပေါ​လု​နှင့် ဗာ​န​ဗ​သည် ကြွေး​ကြော်​လေ၏။- ထို​သို့​ကြွေး​ကြော်​သ​ဖြင့် လူ​အ​စု​အ​ဝေး​တို့​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို မ​ပြု​ရ​မည်​အ​ကြောင်း မြစ်​တား​ခဲ​သော​အ​မှု​ကို မြစ်​တား​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။