YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရှင်ယောဟန် 1:9-12

၃ ရှင်ယောဟန် 1:9-12 JBMLE

အ​သင်း​တော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး၍ ပေး​လိုက်​လေ​ပြီ။ သို့​သော်​လည်း၊ အ​ကဲ​အ​မှူး​လုပ်​ချင်​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​အား အ​ခွင့်​မ​ပေး။- ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။- အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။- လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။