YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 24:18-25

၂ ဓမ္မရာဇဝင် 24:18-25 JBMLE

ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။ ထို​သို့​ရှင်​ဘု​ရင်​သည် အ​ခြံ​အ​ရံ​တော်​နှင့်​တ​ကွ ကြွ​လာ​သည်​ကို အ​ရော​န​သည် ကြည့်၍​မြင်​လျှင်၊ ပြင်​သို့​ထွက်၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ အ​ဘယ်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​လျှင်၊ ဒါ​ဝိဒ်​က၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို​ငြိမ်း​စေ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လို၍၊ သင်၏​ကောက်​နယ်​တ​လင်း​ကို ဝယ်​အံ့​သော​ငှာ​လာ​သည်​ဟု အ​မိန့်​ရှိ​သော်၊ အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် စိတ်​တော်​ရှိ​သည်​အ​တိုင်း ယူ၍​ပူ​ဇော်​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ​ရှိ​ပါ၏။ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ၊ နွား​နှင့်​ဆိုင်​သော​တန်​ဆာ​များ ရှိ​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျက်၊ အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်၍၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ပေး၍ ငါ​ဝယ်​မည်။ ကိုယ်​ငွေ​မ​ကုန်​ဘဲ​ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ငါ​မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊ ငွေ​အ​ကျပ်​ငါး​ဆယ်​ကို​ပေး၍၊ ထို​ကောက်​နယ်​တ​လင်း​နှင့် နွား​တို့​ကို​ဝယ်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​ပြည်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်၍ ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး၏။