YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 23

23
ဒါ​ဝိဒ်​နောက်​ဆုံး​မိန့်​မြွက်​သည့်​စ​ကား
1ဒါ​ဝိဒ်​မြွက်​ဆို​သော နောက်​ဆုံး​စ​ကား​တည်း​ဟူ​သော၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ၍ ဘုန်း​ကြီး​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ချို​မြိန်​စွာ​သီ​ချင်း​ဆို​သော ယေ​ရှဲ၏​သား ဒါ​ဝိဒ်​မြွက်​ဆို​သော ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ 2ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် ငါ့​လျှာ၌​တည်၏။ 3ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ကျောက်​သည် ငါ့​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ လူ​တို့​ကို အုပ်​စိုး​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လျက် အုပ်​စိုး​ရ​မည်။ 4မိုး​မ​အုံ့၊ နေ​ထွက်​သော နံ​နက်​အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရွာ​ပြီး​မှ နေ​ပေါ်​ထွန်း​သ​ဖြင့် မြေ၌​ပေါက်​သော မြက်​နု​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။ 5ငါ့​အ​မျိုး​အ​နွယ်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မြဲ​မြံ​သည်​မ​ဟုတ်​လော။ သေ​ချာ​စွာ​စီ​ရင်၍ မ​ပျက်​နိုင်​သော နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ဖွဲ့​တော်​မူ​ပြီ။ ထို​ပ​ဋိ​ညာဉ်​သည် ချက်​ချင်း​မ​ပြည့်​စုံ​သော်​လည်း၊ ငါ့​ကို ကယ်​တင်​ရာ​အ​ကြောင်း၊ ငါ​အား​ရ​နှစ်​သက်​ရာ​အ​ကြောင်း ဖြစ်၏။ 6အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​မူ​ကား လက်​နှင့်​မ​ကိုင်​သာ၊ ပယ်​ရှား​ရ​သော ဆူး​ပင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ 7ပယ်​ရှား​သော​သူ​သည် သံ​ချပ်​အင်္ကျီ​နှင့် လှံ​တံ​ကို သုံး​ဆောင်​သ​ဖြင့်၊ ဆူး​ပင်​ပေါက်​သော​အ​ရပ်၌​ပင် ရှင်း​ရှင်း​မီး​ရှို့​ရ​သ​တည်း။
ဒါ​ဝိဒ်​၏​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​များ
(၅​ရာ၊ ၁၁:၁၀-၄၁)
8ဒါ​ဝိဒ်၏ အ​မှု​တော်​ထမ်း​သူ​ရဲ​ကြီး​တို့၏​အ​မည်​များ​ဟူ​မူ​ကား၊ ဟ​ပ္ပေါ​နိ​အ​မျိုး ယာ​ရှော​ဘံ​သည် ဗိုလ်​ချုပ်​ဖြစ်၏။ ထို​သူ​သည် လှံ​ကို​ကိုင်​လျက် လူ​သုံး​ရာ​ကို တစ်​ခါ​တည်း​တိုက်၍ လုပ်​ကြံ​လေ၏။ 9သူ​နောက်​မှာ အ​ဟော​ဟိ​အ​မျိုး ဒေါ​ဒေါ​သား​ဧ​လာ​ဇာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​သော သူ​ရဲ​သုံး​ယောက်​အ​ဝင် ဖြစ်၏။ စစ်​တိုက်​ခြင်း​ငှာ​စု​ဝေး​သော ဖိ​လိ​တ္တိ​လူ​တို့​ကို ကြိမ်း​ပ၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဆုတ်​သွား​သော​အ​ခါ၊ 10ထို​သူ​သည် လက်​ညောင်း၍ ဓား၌​မှီ​လျက်​နေ​ရ​သည်​တိုင်​အောင် ထ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့၌ ကြီး​စွာ​သော အောင်​မြင်​ခြင်း​ကို ပြု​တော်​မူ၍၊ သူ​တို့​သည် ရန်​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​သာ ပြန်​လာ​ကြ၏။ 11သူ့​နောက်​မှာ ဟ​ရ​ရိ​အ​မျိုး အာ​ဂိ၏​သား​ရှ​မ္မ​သည်​ရှိ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် ပြောင်း​စ​ပါး​စိုက်​သော​လယ်​ကွက်၌ စု​ဝေး၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ပြေး​ကြ​သော​အ​ခါ၊ 12ထို​သူ​သည် လယ်​ကွက်​အ​လယ်၌​ရပ်၍ စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​ကို ပြု​တော်​မူ၏။ 13ဗိုလ်​စု​အ​ဝင်​သုံး​ယောက်​တို့​သည် စ​ပါး​ရိတ်​ရာ​ကာ​လ၌၊ ဒါ​ဝိဒ်​ရှိ​ရာ အ​ဒု​လံ​ဥ​မင်​သို့ ဆင်း​သွား၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ရေ​ဖိမ်​ချိုင့်၌ တပ်​ချ​လျက်​ရှိ​ကြ၏။ 14ထို​အ​ခါ ဒါ​ဝိဒ်​သည် ရဲ​တိုက်​တွင်​နေ၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဗက်​လင်​မြို့၌ တပ်​ချ​ကြ၏။ 15ဒါ​ဝိဒ်​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဗက်​လင်​မြို့​တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်၍ ငါ့​အား​ပေး​ပါ​စေ​သော​ဟု တောင့်​တ​သော​စိတ်​နှင့် ဆို​သော်၊ 16ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို​ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း၊ ဒါ​ဝိဒ်​သည်​မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊ 17အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ရေ​ကို သောက်​သော​အ​မှု​သည် အ​ကျွန်ုပ်​နှင့်​ဝေး​ပါ​စေ​သော။ ဤ​ရေ​သည် ကိုယ်​အ​သက်​ကို​မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး ဖြစ်​ပါ​သည်​မ​ဟုတ်​ပါ​လော​ဟု လျှောက်၍ မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။ 18ဇေ​ရု​ယာ​သား ယွာ​ဘ​ညီ​အ​ဘိ​ရှဲ​သည်​လည်း သူ​ရဲ​သုံး​ယောက်​တွင် အ​ကြီး​ဖြစ်၏။ သူ​သည် လှံ​ကို​ကိုင်၍ လူ​သုံး​ရာ​တို့​ကို တိုက်​ဖျက်​လုပ်​ကြံ​သော​ကြောင့်၊ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ရ​သ​တည်း။ 19သူ​ရဲ​သုံး​ယောက်​တွင် အ​မြတ်​ဆုံး​ဖြစ်​သည် မ​ဟုတ်​လော။ ထို​ကြောင့် ဗိုလ်​ချုပ်​အ​ရာ​ကို​ရ၏။ သို့​သော်​လည်း ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။ 20အ​ထူး​သ​ဖြင့် ပြု​ဖူး​သော ကပ်​ဇေ​လ​မြို့​သား သူ​ရဲ​ယော​ယ​ဒ၏​သား ဗေ​နာ​ယ​သည်​လည်း ခြင်္သေ့​နှင့်​တူ​သော မော​ဘ​လူ​နှစ်​ယောက်​ကို သတ်၏။ ဆောင်း​ကာ​လ၌​လည်း အ​ခြား​သို့​သွား၍ မြေ​တွင်း၌​ရှိ​သော ခြင်္သေ့​ကို သတ်၏။ 21ထူး​ခြား​သော​အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် လှံ​ကို​ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက်​သွား၍ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင်၊ ထို​လှံ​နှင့် သူ့​ကို​သတ်၏။ 22ထို​သို့​သော​အ​မှု​တို့​ကို ယော​ယ​ဒ​သား​ဗေ​နာ​ယ​ပြု၍ သူ​ရဲ​သုံး​ယောက်​အ​ဝင်​နေ​ရာ​ကို ရ၏။ 23ဗိုလ်​များ​ထက်​သာ၍ မြတ်​သော်​လည်း၊ ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။ ဒါ​ဝိဒ်​သည် အ​တွင်း​ဝန်​ချုပ်​အ​ရာ​ကို​လည်း ပေး၏။ 24ယွာ​ဘ​ညီ အာ​သ​ဟေ​လ​သည်​လည်း ဗိုလ်​စု​အ​ဝင်​ဖြစ်၏။ ထို​အ​တူ ဗက်​လင်​မြို့​နေ၊ ဒေါ​ဒေါ၏​သား ဧ​လ​ဟာ​နန်၊ 25ဟ​ရော​ဒိ​အ​မျိုး ရှ​မ္မ၊ ဟ​ရော​ဒိ​အ​မျိုး ဧ​လိ​က၊ 26ဖာ​လ​တိ​အ​မျိုး ဟေ​လက်၊ တေ​ကော​အ​မျိုး ဣ​ကေ​ရှ၏​သား​ဣ​ရ၊ 27အ​နေ​သော​သိ​အ​မျိုး အ​ဗျေ​ဇာ၊ ဟု​ရှ​သိ​အ​မျိုး မေ​ဗု​န္နဲ၊ 28အ​ဟော​ဟိ​အ​မျိုး ဇာ​လ​မုန်၊ နေ​တော​ဖာ​သိ​အ​မျိုး မ​ဟာ​ရဲ၊ 29နေ​တော​ဖာ​သိ​အ​မျိုး ဗာ​နာ​သား​ဟေ​လက်၊ ဗင်္ယာ​မိန်​အ​မျိုး ဂိ​ဗာ​မြို့​နေ၊ ရိ​ဘဲ၏​သား​အိ​တ္တဲ၊ 30ပိ​ရ​သော​နိ​အ​မျိုး ဗေ​နာ​ယ၊ ဂါ​ရှ​ချိုင့်​သား ဟိ​ဒ္ဒဲ၊ 31အာ​ဗ​သိ​အ​မျိုး အ​ဗျာ​လ​ဗုန်၊ ဗာ​ဟု​မိ​အ​မျိုး အာ​ဇ​မာ​ဝက်၊ 32ရှာ​လ​ဗော​နိ​အ​မျိုး ဧ​လျာ​ဘ၊ ယာ​ရှင်၏​သား​တို့​တွင် ယော​န​သန်၊ 33ဟာ​ရ​ရိ​အ​မျိုး ရှ​မ္မ၊ ဟာ​ရ​ရိ​အ​မျိုး ရှာ​ရ၏​သား​အ​ဟိ​အံ၊ 34မာ​ခါ​သိ​အ​မျိုး အ​ဟ​သ​ဘဲ၏​သား ဧ​လိ​ဖ​လက်၊ ဂိ​လော​နိ​အ​မျိုး အ​ဟိ​သော​ဖေ​လ၏​သား ဧ​လျံ၊ 35က​ရ​မေ​လ​အ​မျိုး ဟေ​ဇ​ရဲ၊ အာ​ဘိ​အ​မျိုး ဖာ​ရဲ၊ 36ဇော​ဘ​အ​မျိုး နာ​သန်၏​သား​ဣ​ဂါ​လ၊ ဂဒ်​အ​မျိုး​ဗာ​နိ၊ 37အ​မ္မုန်​အ​မျိုး ဇေ​လက်၊ ဇေ​ရု​ယာ၏​သား ယွာ​ဘ၏​လက်​နက်​ဆောင်​လု​လင် ဗေ​ရော​သိ​အ​မျိုး န​ဟာ​ရဲ၊ 38ဣ​သ​ရိ​အ​မျိုး ဣ​ရ၊ ဣ​သ​ရိ​အ​မျိုး ဂါ​ရက်၊ 39ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ၊ ပေါင်း​သုံး​ဆယ်​ခု​နစ်​ယောက်​တည်း။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ