YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 9:30-37

၄ ဓမ္မရာဇဝင် 9:30-37 JBMLE

ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​သည်​ကို ယေ​ဇ​ဗေ​လ​သည် ကြား​လျှင်၊ မျက်​ခမ်း​တို့​ကို ဆေး​သုတ်၍ ဆံ​ပင်​ကို​တန်​ဆာ​ဆင်​ပြီး​မှ၊ ပြတင်း​ပေါက်​ဝ၌ ကြည့်​ရှု​လျက်​နေ၏။ ယေ​ဟု​သည် တံ​ခါး​ဝ​သို့​ဝင်​သော​အ​ခါ ယေ​ဇ​ဗေ​လ​က၊ မိ​မိ​သ​ခင်​ကို​သတ်​သော ဇိ​မ​ရိ​သည် ချမ်း​သာ​ရ​သ​လော​ဟု မေး​လျှင်၊ ယေ​ဟု​သည် မျှော်​ကြည့်၍၊ ငါ့​ဘက်​မှာ​အ​ဘယ်​သူ​နေ​သ​နည်း။ အ​ဘယ်​သူ​ဟု မေး​လေ​သော်၊ မိန်း​မ​စိုး နှစ်​ယောက်​သုံး​ယောက်​တို့​သည် ပြတင်း​ပေါက်​ထဲ​က ကြည့်​ရှု​ကြ၏။ ယေ​ဟု​က၊ သူ့​ကို​တွန်း​ချ​လိုက်​ဟု ဆို​သည်​အ​တိုင်း တွန်း​ချ​သ​ဖြင့်၊ သူ၏​အ​သွေး​သည် နန်း​တော်​ထ​ရံ​အ​ပေါ်၌​လည်း​ကောင်း၊ မြင်း​တို့​အ​ပေါ်၌​လည်း​ကောင်း စဥ်၏။ ယေ​ဟု​သည် သူ့​ကိုယ်​ကို နင်း​လေ၏။ အ​ထဲ​သို့​ဝင်၍၊ စား​သောက်​ပြီး​မှ၊ ထို​ကျိန်​အပ်​သော​မိန်း​မ​သည် ရှင်​ဘု​ရင်​သ​မီး​ဖြစ်​သော​ကြောင့်၊ သွား​ကြည့်၍​သင်္ဂြိုဟ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ သင်္ဂြိုဟ်​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဦး​ခေါင်း​ခွံ၊ ခြေ​ဖျား၊ လက်​ဝါး​တို့​ကို​သာ​တွေ့​သော​ကြောင့်၊ တစ်​ဖန်​လာ၍ ကြား​လျှောက်​ကြ၏။ ယေ​ဟု​က၊ ယေ​ဇ​ရေ​လေ​မြေ​ကွက်၌ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ၏​အ​သား​ကို စား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​သည် ဤ​သို့​ပြည့်​စုံ​ပြီ။ သို့​ဖြစ်၍ ဤ​သင်္ချိုင်း​သည် ယေ​ဇ​ဗေ​လ​သင်္ချိုင်း​ဖြစ်၏​ဟု အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​မည်​အ​ကြောင်း၊ သူ၏​အ​လောင်း​သည် ယေ​ဇ​ရေ​လ​မြေ​ကွက်​တွင်၊ လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​ရှိ​ရ​လိမ့်​မည်​ဟု ဆို၏။