YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 8:16-24

၄ ဓမ္မရာဇဝင် 8:16-24 JBMLE

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ငါး​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​သည် နန်း​ထိုင်​လေ၏။ အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့၌​မင်း​ပြု၍ ရှစ်​နှစ်​စိုး​စံ၏။ အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော​သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်၏ မျက်​နှာ​ကို​ထောက်၍၊ ယု​ဒ​ပြည်​ကို​မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။ ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို​ပုန်​ကန်၍ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယ​ဟော​ရံ​မင်း​သည် ရ​ထား​စီး​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဇာ​ဣ​ရ​မြို့​သို့​စစ်​ချီ၍ ည​အ​ခါ​ဝိုင်း​သော ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​သ​ဖြင့်၊ ဧ​ဒုံ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့​ပြေး​ကြ၏။ သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၏။ ထို​ကာ​လ၌​လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ ယ​ဟော​ရံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။