YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 8:16-24

၄ ဓမ္မရာဇဝင် 8:16-24 Judson Bible (JBMLE)

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ငါး​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​သည် နန်း​ထိုင်​လေ၏။ အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့၌​မင်း​ပြု၍ ရှစ်​နှစ်​စိုး​စံ၏။ အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော​သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်၏ မျက်​နှာ​ကို​ထောက်၍၊ ယု​ဒ​ပြည်​ကို​မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။ ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို​ပုန်​ကန်၍ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယ​ဟော​ရံ​မင်း​သည် ရ​ထား​စီး​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဇာ​ဣ​ရ​မြို့​သို့​စစ်​ချီ၍ ည​အ​ခါ​ဝိုင်း​သော ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​သ​ဖြင့်၊ ဧ​ဒုံ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့​ပြေး​ကြ၏။ သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၏။ ထို​ကာ​လ၌​လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ ယ​ဟော​ရံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

၄ ဓမ္မရာဇဝင် 8:16-24 Common Language Bible (BCL)

ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။- သူ​၏​မိ​ဖုရား​မှာ​အာ​ဟပ်​၏​သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​အာ​ဟပ်​မင်း​မျိုး​တို့​ကဲ့​သို့ ဣ​သ ရေ​လ​ဘု​ရင်​များ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို လိုက်​လျှောက်​လေ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။- သို့​သော်​လည်း​ထာ​ဝရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား``သင် ၏​သား​မြေး​တို့​ကို​ထာ​ဝစဉ်​အုပ်​စိုး​စေ​မည်'' ဟု ပြု​ခဲ့​သည့်​က​တိ​တော်​ကို​ထောက်​၍ ယု​ဒ​ပြည် ကို​ဖျက်​ဆီး​ရန်​အ​လို​တော်​မ​ရှိ​ချေ။ ယ​ဟော​ရံ​နန်း​စံ​နေ​ချိန်​၌​ဧ​ဒုံ​ပြည်​သည် ယု​ဒ ပြည်​ကို​ပုန်​ကန်​၍​လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ လေ​သည်။- သို့​ဖြစ်​၍​ယ​ဟော​ရံ​သည်​မိ​မိ​၏​စစ်​ရ​ထား အ​လုံး​အ​ရင်း​နှင့် ဇာ​ဣ​ရ​မြို့​သို့​ချီ​တက်​တော် မူ​ရာ​ထို​အ​ရပ်​တွင် ဧ​ဒုံ​တပ်​မ​တော်​၏​ဝိုင်း​ရံ ခြင်း​ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​နှင့်​စစ်​ရ​ထား မှူး​တို့​သည် ယင်း​သို့​ဝိုင်း​ရံ​မှု​ကို​ချိုး​ဖောက်​လွတ် မြောက်​သွား​ကြ​၏။ သူ​၏​စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့​က​စဥ့်​က​ရဲ​ထွက်​ပြေး ကြ​ကုန်​၏။- ထို​အ​ခါ​မှ​အ​စ​ပြု​၍​ယ​ခု​တိုင်​ဧ​ဒုံ​ပြည် သည် ယု​ဒ​သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ​လွတ်​လပ် သော​နိုင်​ငံ​ဖြစ်​လာ​လေ​သည်။ ထို​အ​ချိန်​ကာ​လ ၌​လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​၏။ ယ​ဟော​ရံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။- ယ​ဟော​ရံ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

၄ ဓမ္မရာဇဝင် 8:16-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရံ​မင်းကြီး​နန်းစံ ငါး​နှစ်​မြောက်​တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​သား​တော်​ယဟောရံ​သည် သူ့​ဖခင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။ ယဟောရံ​မင်းကြီး​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​ပြီး ဂျေရုဆလင်​မြို့​တွင် ရှစ်​နှစ်​စိုးစံ​၏​။ သူ​သည် အာဟပ်​မင်းကြီး​၏​သမီး​တော်​ကို မိဖုရားမြှောက်​ထား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​လေ​၏​။ သို့သော် ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ဒါဝိဒ်​မင်းကြီး​ကို​ထောက်၍ သူ​နှင့် သူ့​သားမြေး​တို့​၏​မီးခွက်​ကို အစဉ်​ထွန်းလင်း​စေ​မည်​ဟု ကတိထား​သည်​နှင့်အညီ ယုဒ​ပြည်​ကို ဖျက်ဆီး​ရန် အလို​တော်​မ​ရှိ​ပေ​။ ယဟောရံ​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို​ပုန်ကန်​၍ သူ​တို့​ကို အုပ်စိုး​ရန် ဘုရင်​တစ်​ပါး​ကို တင်မြှောက်​လိုက်​ကြ​၏​။ ထို့ကြောင့် ယောရံ​မင်းကြီး​သည် မိမိ​၌​ရှိသမျှ​သော​စစ်ရထား​တို့​နှင့်တကွ ဇာဣရ​မြို့​သို့ ချီ​၍ သူ့​အား​ဝိုင်းရံ​လာ​သော ဧဒုံ​တပ်သား​တို့​နှင့် စစ်ရထားမှူး​တို့​ကို ညအချိန် ထ​၍​တိုက်ခိုက်​ရာ သူ​၏​စစ်သည်​တို့​သည်​လည်း ကိုယ့်​တဲ​သို့ ပြန်ပြေး​ကြ​လေ​၏​။ ဤသို့ဖြင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော​ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်း​မှာ​ပင် လိဗန​ပြည်​လည်း ယုဒ​ပြည်​ကို ပုန်ကန်​၏​။ ကျန်ရှိ​နေ​သော ယောရံ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ ယောရံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။