YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 2:1-14

၄ ဓမ္မရာဇဝင် 2:1-14 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။ ဧ​လိ​ယ​က​လည်း၊ ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို ဗေ​သ​လ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ဗေ​သ​လ​မြို့​သို့​သွား​ကြ၏။ ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ ယ​နေ့​နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​ဟု ပြော​ဆို၏။ ဧ​လိ​ယ​က​လည်း၊ အို ဧ​လိ​ရှဲ၊ ဤ​အ​ရပ်၌​နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယေ​ရိ​ခေါ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့​သွား​ကြ၏။ ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ၊ ယ​နေ့ နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ နေ​ကြ​ပါ​ဟု ပြော​ဆို၏။ ဧ​လိ​ယ​က​လည်း ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယော်​ဒန်​မြစ်​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​သွား​ကြ၏။ ပ​ရော​ဖက်​အ​မျိုး​သား​ငါး​ကျိပ်​တို့​သည် အ​ဝေး​က​ကြည့်​ရှု​ခြင်း​ငှာ သွား၍​ရပ်​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ရပ်​နေ​ကြ၏။ ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။ မြစ်​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ၊ ဧ​လိ​ယ​က၊ သင်​နှင့်​ငါ​မ​ကွာ​မီ ငါ၌ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လော့​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ကိုယ်​တော်​ဝိ​ညာဉ်​နှစ်​ဆ​သော​အ​ဖို့​ကို အ​ကျွန်ုပ်​အ​ပေါ်​မှာ ရှိ​ပါ​စေ​သော​ဟု တောင်း​သော်၊ ဧ​လိ​ယ​က သင်​သည်​ရ​ခဲ​သော​ဆု​ကို တောင်း၏။ သင်​နှင့်​ငါ​ကွာ​သည်​ကို မြင်​လျှင်​ရ​မည်။ သို့​မ​ဟုတ် မ​ရ​ဟု ပြော​ဆို၏။ ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။ ဧ​လိ​ရှဲ​သည် ကြည့်​မြင်​လျှင် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဟစ်​သော်​လည်း၊ နောက်​တစ်​ဖန် ဧ​လိ​ယ​ကို​မ​မြင်​ရ။ မိ​မိ​အ​ဝတ်​ကို​ကိုင်၍ နှစ်​ပိုင်း​ဆုတ်​လေ၏။ အောက်​သို့​ကျ​သော ဧ​လိ​ယ​ဝတ်​လုံ​ကို ကောက်၍ ပြန်​လေ၏။ ယော်​ဒန်​မြစ်​နား​မှာ​ရပ်၍၊ ရေ​ကို ဝတ်​လုံ​နှင့်​ရိုက်​လျက်၊ ဧ​လိ​ယ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟူ၍ တစ်​ဖန် ရိုက်​သော​အ​ခါ၊ ရေ​သည်​တစ်​ဖက်​တစ်​ချက်​ကွဲ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​ကူး​သွား၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။