YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 14:15-27

၄ ဓမ္မရာဇဝင် 14:15-27 JBMLE

ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ တန်​ခိုး​ကြီး​ခြင်း၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သည်​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။ အာ​မ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ထို​မင်း​တစ်​ဖက် ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့​ပြေး​သည်​တွင်၊ ထို​မြို့​သို့ စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊ မြင်း​ပေါ်၌​တင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော်​အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။ ထို​မင်း​သည် ခ​မည်း​တော်​သေ​သည်​နောက်၊ ဧ​လတ်​မြို့​ကို​ပြု​စု၍ ယု​ဒ​နိုင်​ငံ​ထဲ​သို့ သွင်း​ပြန်၏။ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို မ​စွန့်​ဘဲ​နေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိ​တ္တဲ၏​သား ပ​ရော​ဖက်​ယော​န​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​အ​တိုင်း၊ ထို​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဟာ​မက်​မြို့​ဝင်​ဝ​မှ​သည် ချိုင့်​ပင်​လယ်​တိုင်​အောင် ရန်​သူ​လက်​မှ​နုတ်၍ ပြု​စု​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း အ​လွန်​လေး​လံ​သည်​ကို​လည်း​ကောင်း၊ မြို့၌ အ​ချုပ်​ခံ​ရ​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ မ​စ​နိုင်​သော​သူ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​ကို မိုး​ကောင်း​ကင်​အောက်၌ မ​ပျောက်​စေ​မည်​အ​ကြောင်း ကြံ​တော်​မူ၍၊ ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​အား​ဖြင့် ကယ်​တင်​တော်​မူ၏။