YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 12:5-10

၂ ကောရိန္သု 12:5-10 JBMLE

ထို​သို့​သော​သူ​ကို ဝါ​ကြွား​မည်။ နွမ်း​ရိ​အား​နည်း​ခြင်း​မှ​တစ်​ပါး ကိုယ်​ဂုဏ်​ကို မ​ဝါ​ကြွား။- ဝါ​ကြွား​ခြင်း​ငှာ အ​လို​ရှိ​လျှင်​လည်း၊ သူ​ရူး​ဖြစ်​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဟုတ်​မှန်​စွာ ပြော​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​မြင်​သည်​ထက်၊ ငါ့​သ​တင်း​ကို ကြား​သည်​ထက်၊ ငါ့​ကို သာ၍ မ​ထင်​စေ​ခြင်း​ငှာ ငါ​မ​ပြော​ဘဲ​နေ၏။- ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။- ထို​ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သုံး​ကြိမ်​မြောက်​အောင် သ​ခင်​ဘု​ရား​ကို ငါ​ဆု​တောင်း၍ အ​သ​နား​တော်​ခံ​ပြီး​လျှင်၊- ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။- သို့​ဖြစ်၍ ခ​ရစ်​တော်​ကြောင့်​ခံ​ရ​သော အား​နည်း​ခြင်း၊ ကဲ့​ရဲ့​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ကျပ်​တည်း​စွာ​သော ဒု​က္ခ​ဝေ​ဒ​နာ​ခံ​ခြင်း​တို့​ကို ငါ​နှစ်​သက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ၏။