YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 12:5-10

၂ ကောရိန္သု 12:5-10 Judson Bible (JBMLE)

ထို​သို့​သော​သူ​ကို ဝါ​ကြွား​မည်။ နွမ်း​ရိ​အား​နည်း​ခြင်း​မှ​တစ်​ပါး ကိုယ်​ဂုဏ်​ကို မ​ဝါ​ကြွား။- ဝါ​ကြွား​ခြင်း​ငှာ အ​လို​ရှိ​လျှင်​လည်း၊ သူ​ရူး​ဖြစ်​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဟုတ်​မှန်​စွာ ပြော​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​မြင်​သည်​ထက်၊ ငါ့​သ​တင်း​ကို ကြား​သည်​ထက်၊ ငါ့​ကို သာ၍ မ​ထင်​စေ​ခြင်း​ငှာ ငါ​မ​ပြော​ဘဲ​နေ၏။- ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။- ထို​ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သုံး​ကြိမ်​မြောက်​အောင် သ​ခင်​ဘု​ရား​ကို ငါ​ဆု​တောင်း၍ အ​သ​နား​တော်​ခံ​ပြီး​လျှင်၊- ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။- သို့​ဖြစ်၍ ခ​ရစ်​တော်​ကြောင့်​ခံ​ရ​သော အား​နည်း​ခြင်း၊ ကဲ့​ရဲ့​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ကျပ်​တည်း​စွာ​သော ဒု​က္ခ​ဝေ​ဒ​နာ​ခံ​ခြင်း​တို့​ကို ငါ​နှစ်​သက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ၏။

၂ ကောရိန္သု 12:5-10 Common Language Bible (BCL)

သို့​ဖြစ်​၍​ထို​သူ​၏​အ​ကြောင်း​ကို​ငါ​ကြွား ဝါ​မည်။ သို့​သော်​မိ​မိ​၏​အား​နည်း​ချက်​များ မှ​တစ်​ပါး​အ​ခြား​အ​ရာ​များ​အ​ကြောင်း ကို​ကြွား​ဝါ​လိမ့်​မည်​မ​ဟုတ်။- ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။ ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။- ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။- သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။- ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။

၂ ကောရိန္သု 12:5-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့​သော​သူ​နှင့်ပတ်သက်၍ ငါ​ဝါကြွား​မည်။ ငါ​နှင့်ပတ်သက်၍​မူကား ငါ​၏​အားနည်း​ခြင်း​အကြောင်း​မှတစ်ပါး ဝါကြွား​ခြင်း​ကို ငါ​မ​ပြု။ ငါ​သည် ဝါကြွား​ရန်​အလိုရှိ​လျှင်​လည်း အမှန်​ကို​သာ​ပြော​မည်​ဖြစ်၍ မိုက်မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့သော် မည်သူမျှ ငါ့​ကို​မြင်​ရ​သည်​ထက်​၊ သို့မဟုတ် ငါ့​အကြောင်း​ကို ကြား​ရ​သည်​ထက်​ပို၍ ငါ့​ကို​မ​ထင်မြင်​မိ​စေရန် ငါ​မ​ဝါကြွား​ဘဲ​နေ​မည်။ ငါ​ခံရ​သော​ဗျာဒိတ်​တော်​သည် အလွန်​ထူးမြတ်​သောကြောင့် ငါ​မ​ထောင်လွှား​စေရန် ငါ​၏​ကိုယ်ကာယ​ထဲ၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်လွှား​စေရန် ငါ့​ကို​ထိုးနှက်​သည့် စာတန်​၏​စေတမန်​ဖြစ်​၏။ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ၎င်း​ကို ငါ့​ထံမှ​ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း သခင်​ဘုရား​ထံ သုံး​ကြိမ်​တိုင်တိုင် ငါ​တောင်းလျှောက်​ခဲ့​၏။ သို့သော် ကိုယ်တော်​က“ငါ​၏​ကျေးဇူး​တော်​သည် သင့်​အတွက်​လုံလောက်​ပေ​၏။ အကြောင်းမူကား ငါ​၏​တန်ခိုး​သည် အားနည်း​ခြင်း​အဖြစ်​၌ ပြည့်စုံ​တတ်​၏”​ဟု ငါ့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​တည်နေ​မည့်​အကြောင်း ငါ​သည် ငါ​၏​အားနည်း​ခြင်း​၌ သာ၍​ဝမ်းမြောက်​စွာ​ဝါကြွား​မည်။ သို့ဖြစ်၍ ခရစ်တော်​ကြောင့် ငါ​ခံရ​သော အားနည်း​ခြင်း၊ စော်ကား​ခြင်း၊ ခက်ခဲ​ကျပ်တည်း​ခြင်း၊ ညှဉ်းဆဲ​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​ကို ငါ​နှစ်သက်​၏။ အကြောင်းမူကား ငါ​သည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ​၏။