YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 11:26-31

၂ ကောရိန္သု 11:26-31 JBMLE

အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။- ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။ ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။- ငါ​မ​နွမ်း​ရိ​ဘဲ အ​ဘယ်​သူ နွမ်း​ရိ​သ​နည်း။ ငါ​သည် စိတ်​မ​ပူ​ပန်​ဘဲ အ​ဘယ်​သူ ဖောက်​ပြန်​သ​နည်း။- ငါ​သည် မ​ဝါ​ကြွား​ဘဲ မ​နေ​ရ​သည်​မှန်​လျှင်၊ ကိုယ်​နွမ်း​ရိ​သော​အ​ဖြစ်​ကို​သာ အ​ကြောင်း​ပြု၍ ဝါ​ကြွား​မည်။- ငါ​သည် မု​သား​မ​ပြော​သည်​ကို ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင် သိ​တော်​မူ၏။