YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 9

9
ရှေ​ဘ​မိဖုရားအ​လည်​လာ​ခြင်း
(၃​ရာ၊ ၁၀:၁-၁၃)
1ရှေ​ဘ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​သည် ရှော​လ​မုန်၏​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ၊ နံ့​သာ​မျိုး​နှင့် များ​စွာ​သော​ရွှေ၊ အ​ဖိုး​ထိုက်​သော ကျောက်​တို့​ကို​ဆောင်​သော ကု​လား​အုတ်​များ၊ လိုက်​သော​သူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ လာ၏။ 2ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ကို ဆွေး​နွေး​မေး​မြန်း​လေ၏။ သူ​မေး​မြန်း​သော ပြဿ​နာ​ရှိ​သ​မျှ​တို့​ကို ရှော​လ​မုန်​သည် ဖြေ​လေ၏။ နား​မ​လည်၍ မ​ဖြေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ 3ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ပ​ညာ​ကို​လည်း​ကောင်း၊ တည်​ဆောက်​သော အိမ်​တော်​ကို​လည်း​ကောင်း၊ 4စား​ပွဲ​တော် တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​နှင့် သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ 5ကိုယ်​တော်၏ အ​ခြင်း​အ​ရာ​နှင့် ကိုယ်​တော်၏​ပ​ညာ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ကြား​ရ​သော သ​တင်း​စ​ကား မှန်​ပါ၏။ 6သို့​သော်​လည်း ကိုယ်​တိုင်​ရောက်၍ မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ပ​ညာ​ကျယ်​ခြင်း​အ​ရာ​မှာ၊ အ​ရင်​ကြား​ရ​သော စ​ကား​သည် တစ်​ဝက်​ကို​မျှ မ​မီ။ အ​ကျွန်ုပ် ကြား​ရ​သော သ​တင်း​ကို ကိုယ်​တော်​လွန်​ကဲ​ပါ၏။ 7ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။ 8ကိုယ်​တော်​ကို​နှစ်​သက်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​စား​တော် ရှင်​ဘု​ရင်​အ​ရာ​နှင့် ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ချစ်၍ အ​စဉ်​အ​မြဲ တည်​စေ​ချင်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား ပြော​ဆို၍၊ 9ရွှေ​အ​ခွက်​တစ်​ရာ​နှစ်​ဆယ်၊ နံ့​သာ​မျိုး​အ​များ၊ ကျောက်​မြတ်​တို့​ကို ဆက်​လေ၏။ ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး​အား​ဆက်​သော နံ့​သာ​မျိုး​နှင့်​တူ​သော နံ့​သာ​မျိုး​သည် မ​ရှိ။#မ၊ ၁၂:၄၂။ လု၊ ၁၁:၃၁။
10ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​ကျွန်​နှင့် ရှော​လ​မုန်​ကျွန်​တို့​သည်၊ အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​တို့​ကို​လည်း ဆောင်​ခဲ့​ကြ၏။ 11ထို​အာ​လ​ဂုံ​သစ်​သား​ဖြင့် ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ပွတ်​လုံး​တန်း​နှင့် နန်း​တော် ပွတ်​လုံး​တန်း​ကို​လည်း​ကောင်း၊ သီ​ချင်း​ဆို​သော​သူ​ဖို့ စောင်း​နှင့်​တ​ယော​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​သို့​သော အာ​လ​ဂုံ​သစ်​သား​သည် ယု​ဒ​ပြည်၌ တစ်​ခါ​မျှ မ​ပေါ်​လာ။ 12ရှော​လ​မုန်​မင်း​ကြီး​သည် ရှေ​ဘ​မိ​ဖု​ရား ဆက်​သည်​အ​တွက် ပြန်​ပေး​သော​လက်​ဆောင်​မှ​တစ်​ပါး၊ မိ​ဖု​ရား၏ အ​လို​ဆ​န္ဒ​ပြည့်​စုံ​စေ​ခြင်း​ငှာ သူ​တောင်း​သ​မျှ​ကို​လည်း ပေး​တော်​မူ၏။ ထို​နောက်​မှ မိ​ဖု​ရား​သည် မိ​မိ​ကျွန်​တို့​နှင့်​တ​ကွ မိ​မိ​ပြည်​သို့​ပြန်​သွား​လေ၏။
ရှော​လ​မုန်​မင်း​၏​ဓ​န​အင်​အား
(၃​ရာ၊ ၁၀:၁၄-၂၅)
13ရှော​လ​မုန်​ထံ​သို့ တစ်​နှစ်​တစ်​နှစ်​လျှင် ရောက်​သော​ရွှေ​အ​ချိန်​ကား အ​ခွက်​ခြောက်​ရာ ခြောက်​ဆယ်​ခြောက်​ပိဿာ​ဖြစ်​သ​တည်း။ 14ထို​မှ​တစ်​ပါး၊ ကုန်​သည်​များ၊ လှည်း​သ​မား​များ၊ အာ​ရပ်​မင်း​ကြီး​ရှိ​သ​မျှ၊ မြို့​ဝန်​များ​ဆက်​သော​ရွှေ ရှိ​သေး၏။ 15ရှော​လ​မုန်​မင်း​ကြီး​သည် ရွှေ​ခြောက်​ပိဿာ​စီ​ဖြင့် ဒိုင်း​ကြီး​နှစ်​ရာ၊ 16သုံး​ပိဿာ​စီ​ဖြင့် ဒိုင်း​ငယ်​သုံး​ရာ​တို့​ကို ထု​လုပ်၍၊ လေ​ဗ​နုန်​တော​သစ်​သား​နှင့် တည်​ဆောက်​သော နန်း​တော်၌ ထား​တော်​မူ၏။ 17ရှင်​ဘု​ရင်​သည်​လည်း ဆင်​စွယ်​ရာ​ဇ​ပ​လ္လင်​ကြီး​ကို​လုပ်၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။ 18လှေ​ကား​ခြောက်​ထစ်​နှင့် ရွှေ​ဖိ​နပ်​သည် ရာ​ဇ​ပ​လ္လင်​တော်​နှင့် တစ်​ဆက်​တည်း​ရှိ၏။ ထိုင်​ရာ​တစ်​ဖက်​တစ်​ချက်၌ မှီ​စ​ရာ​လက်​ရုံး​တန်း​နှင့် ပြည့်​စုံ၍၊ လက်​ရုံး​တန်း​အ​နား​မှာ ခြင်္သေ့​နှစ်​ကောင် ရပ်​နေ၏။ 19လှေ​ကား​ခြောက်​ထစ်​အ​ပေါ်​တွင်၊ တစ်​ဖက်​တစ်​ချက်၌​လည်း ခြင်္သေ့​တစ်​ဆယ်​နှစ်​ကောင် ရပ်​နေ၏။ ထို​သို့​သော ရာ​ဇ​ပ​လ္လင်​သည် အ​ဘယ်​တိုင်း​နိုင်​ငံ၌​မျှ မ​ရှိ။ 20ရှေ​လ​မုန်​မင်း​ကြီး​သောက်​သော ဖ​လား​တော်​ရှိ​သ​မျှ​နှင့် လေ​ဗ​နုန်​နန်း​တော်၌​သုံး​သော ဖ​လား​တော်​ရှိ​သ​မျှ​တို့​သည် ငွေ​ဖ​လား​မ​ဟုတ်၊ ရွှေ​ဖ​လား​သက်​သက် ဖြစ်၏။ ရှော​လ​မုန်​လက်​ထက်၌ ငွေ​ကို အ​လျှင်း​ပ​မာ​ဏ​မ​ပြု​တတ်​ကြ။ 21ရှင်​ဘု​ရင်၏​သင်္ဘော​သည် ဟိ​ရံ​မင်း​ကျွန်​တို့​နှင့် တာ​ရှု​မြို့​သို့​သွား​တတ်​သ​ဖြင့်၊ သုံး​နှစ်​တစ်​ခါ တာ​ရှု​သင်္ဘော​သည်​ပြန်​လာ၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ မျောက်​များ၊ ဒေါင်း​များ​ကို ဆောင်​ခဲ့​တတ်၏။
22ထို​သို့ ရှော​လ​မုန်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရှင်​ဘု​ရင်​တို့​ထက် ပ​ညာ​နှင့်​စည်း​စိမ်​အား​ဖြင့် လွန်​ကဲ၏။ 23ရှော​လ​မုန်၏​နှ​လုံး၌ ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော ပ​ညာ​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ရှင်​ဘု​ရင်​တို့​သည် ကြား​ရ​အံ့​သော​ငှာ၊ မျက်​နှာ​တော်​ကို ဖူး​လာ​ကြ၏။ 24လာ​သော​သူ အ​သီး​အ​သီး​တို့​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ၊ စစ်​တိုက်​လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​လား​တို့​ကို နှစ်​တိုင်း အ​ခွန်​ဆက်​ရ​ကြ၏။ 25ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​တော်​များ​နှင့် ထိုင်​သော​မြင်း​တင်း​ကုပ် လေး​ထောင်၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း ထား၏။#၃​ရာ၊ ၄:၂၆။ 26မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​စွန်း​တိုင်​အောင် ရှိ​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ၏။#က၊ ၁၅:၁၈။ ၃​ရာ၊ ၄:၂၁။ 27ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။ 28ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော ခပ်​သိမ်း​သော​ပြည်​မှ ဆောင်​ခဲ့​ကြ၏။#တ​ရား၊ ၁၇:၁၆
ရှော​လ​မုန်​၏​နန်း​သက်​အ​ကျဉ်း​ချုပ်
(၃​ရာ၊ ၁၁:၄၁-၄၃)
29ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း၊ ရှိ​လော​မြို့​သား အ​ဟိ​ယ၏ အ​နာ​ဂ​တ္တိ​ကျမ်း၊ နေ​ဗတ်​သား ယေ​ရော​ဗောင်​တစ်​ဖက်၌ ပ​ရော​ဖက်​ဣ​ဒ္ဒေါ၏ ဗျာ​ဒိတ်​ကျမ်း၌ ရေး​ထား​လျက်​ရှိ၏။ 30ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ် စိုး​စံ​ပြီး​မှ၊ 31ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ ခ​မည်း​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော် ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ